Chapter - 65

6K 1.2K 52
                                    

Unicode

သန့်စင်ခန်းကသိပ်မသေးပေမဲ့လည်းအခန်းတွေထဲမှာလူရှိနေတာကိုမသိနိုင်လောက်တဲ့အထိတော့မကြီးပါဘူး။တကယ်လို့တစ်ယောက်ယောက်သာသန့်စင်ခန်းထဲဝင်လာခဲ့မယ်ဆိုရင်တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့လူရှိလားမရှိလားသိနိုင်သည်။

အဲ့ဒါကြောင့်ရှန်ယွီကထန်လီနဲ့တခြားကောင်လေးတို့ရဲ့ခြေသံတွေတဖြည်းဖြည်းနဲ့သူ့အနားရောက်လာတာကိုနားထောင်ရင်းအတွင်းအကျဆုံးအခန်းထဲကိုစိုးရိမ်တကြီးဝင်ပုန်းလိုက်သည်။

သူကထောင့်ကိုမှီပြီးအတတ်နိုင်ဆုံးအသက်မရှူဘဲနေခဲ့သည်။

ခဏအကြာမှာတော့'ကလစ်'ဆိုတဲ့အသံကိုရှန်ယွီကြားလိုက်ရသည်။အဲ့ဒါကသန့်စင်ခန်းတံခါးကိုလော့ချလိုက်တဲ့အသံဖြစ်မည်။

"သစ်အယ်သီးလေး"

ကောင်လေးကပြောလိုက်သည်။

"ငါ..."

ထန်လီကအေးစက်စွာနဲ့စကားဖြတ်ပြောလိုက်သည်။

"ခဏနေဦး။"

ကောင်လေးကစိတ်ရှုပ်သွားပုံပေါ်သည်။

"ဟင် ဘာဖြစ်လို့လဲ။"

ထန်လီကကောင်လေးမေးတာကိုပြန်မဖြေဘဲအခန်းတွေဘက်ကိုတန်းသွားခဲ့ပြီးတစ်ခန်းပြီးတစ်ခန်းလိုက်စစ်တော့သည်။

ရှန်ယွီကအတွင်းအကျဆုံးအခန်းထဲမှာပုန်းနေခဲ့ပြီးလူတွေအာရုံမစိုက်မိအောင်လို့သူကတံခါးကိုတမင်သက်သက်ဖွင့်ထားခဲ့သည်။နောက်အဓိပ္ပာယ်တစ်ခုကတော့တကယ်လို့ထန်လီသာတံခါးကိုလုံးဝတွန်းဖွင့်လိုက်မယ်ဆိုရင်ထောင့်နားမှာပုန်းနေတဲ့သနားစရာပုံရိပ်လေးကိုတန်းမြင်သွားမှာဖြစ်သည်။

သူရှာတွေ့သွားတဲ့ပုံရိပ်ကိုစဥ်းစားကြည့်လိုက်ရုံနဲ့တင်ရှန်ယွီကအရမ်းရှက်မိသည်။တကယ်သာရှာတွေ့သွားရင်သူမျက်နှာပြရဲမှာတောင်မဟုတ်တော့ဘူး။

သူကသူ့ခန္ဓာကိုယ်လေးကိုတတ်နိုင်သမျှကျုံ့ရင်းသူ့ရဲ့တည်ရှိမှုကိုဖုံးကွယ်ဖို့ကြိုးစားနေခဲ့သည်။တစ်ချိန်တည်းမှာပဲသူကထန်လီသူ့ကိုရှာမတွေ့ပါစေနဲ့ဆိုပြီးဆုတောင်းနေမိသည်။ရှေ့ကိုဆက်မလာလာတော့ဘဲနောက်ပြန်လှည့်သွားရင်သိပ်‌ကောင်းမှာပဲဆိုပြီးတော့လည်းတွေးနေမိသည်။

ဗီလိန်လေးအားမွေးစားခြင်းحيث تعيش القصص. اكتشف الآن