Chapter - 55

8.1K 1.6K 71
                                    

Unicode

ရှန်ယွီကအိပ်မက်ရှည်ကြီးတစ်ခုကိုမက်နေရသလိုခံစားနေရသည်။

သူ့အိပ်မက်ထဲမှာထန်လီရဲ့မျက်နှာလေးကိုမြင်နေရသည်။

ထန်လီရဲ့လှပတဲ့မျက်နှာလေးကအဝေးကနေသူ့အနားကိုတဖြည်းဖြည်းကပ်လာခဲ့သည်။အဲ့ဒီ့နောက်မှာသူ့ရဲ့ပူလောင်နေတဲ့မျက်လုံးတွေကိုရော၊တုန်ယင်နေတဲ့နှုတ်ခမ်းတွေကိုရောဖြည်းဖြည်းချင်းပိတ်ထားလိုက်မိသည်။

သူကရှန်ယွီရဲ့နှုတ်ခမ်းတွေကိုထပ်ပြီးနမ်းလိုက်ပြန်သည်။သူ့ရဲ့ထူထဲပြီးရှည်လျားနေတဲ့မျက်တောင်မွှေးတွေက‌သေးငယ်တဲ့ငှက်မွေးယပ်တောင်လေးလိုမျိုးရှန်ယွီရဲ့မျက်နှာကိုပွတ်တိုက်မိနေသည်။

အဲ့ဒါကယားကျိယားကျိဖြစ်စေသည်။

ရှန်ယွီကသူတောင်မသိလိုက်ပဲမျက်လုံးမှိတ်ထားလိုက်မိသည်။

ထန်လီရဲ့လှုပ်ရှားမှုတိုင်းဟာအမှောင်ထုထဲမှာပြောမပြနိုင်လောက်အောင်ဆွဲဆောင်မှုရှိနေခဲ့သည်။ရှန်ယွီအပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေကအရမ်းပြင်းထန်နေခဲ့သည်။

ထန်လီကသိပ်မကျွမ်း‌ကျင်သေးတာကြောင့်သူ့ရဲ့
အနမ်းကအရမ်းကိုအရိုင်းဆန်နေခဲ့သည်။သူ့လှုပ်ရှားမှုတွေကလည်းသူ့နှလုံးသားရဲ့အလိုအလျောက်တုံ့ပြန်မှုတွေပဲဖြစ်သည်။ဒါပေမဲ့သူ့နှုတ်ခမ်းနဲ့ထိလိုက်မိတဲ့နေရာတိုင်းကရှန်ယွီရဲ့ကျန်နေသေးတဲ့အကြောင်းပြချက်တွေကိုစွန့်ပစ်စေနိုင်လိုက်တဲ့တောက်လောင်နေတဲ့မီးလိုမျိုးပူလောင်နေခဲ့သည်။

အဲ့ဒီ့နောက်ဘာဆက်ဖြစ်လဲဆိုတာကတော့...

ရှန်ယွီမမှတ်မိနိုင်တော့ဘူး။

----------------------------

သူဘယ်လောက်ကြာအောင်အိပ်ပျော်သွားလဲမသိဘူး။

ရှန်ယွီသူ့မျက်လုံးတွေဖွင့်လိုက်မိတဲ့အခါမှာတော့သူကအရမ်းကိုစိတ်ရှုပ်ထွေးနေခဲ့သည်။သူ့ဦးနှောက်ကအစကကွက်လပ်ကြီးဖြစ်နေခဲ့ပြီးခဏကြာတော့မှသူ့ရဲ့အသိစိတ်တွေကိုပြန်ရလာကာပတ်ဝန်းကျင်ကိုတဖြည်းဖြည်းသတိထားမိသွားသည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now