Chapter - 2

19.3K 2.9K 25
                                    

Unicode

ရှန်ယွီကအရမ်းစိတ်လှုပ်ရှားနေခဲ့သည်။သူ့ရှေ့ကကောင်လေးကအရွယ်မရောက်သေးတဲ့ဗီလိန်လေးဆိုပေမဲ့သူကြီးလာတဲ့အခါကြမ်းတမ်းပြီးရက်စက်တဲ့ဗီလိန်ဖြစ်လာမှာဖြစ်တဲ့အတွက်သူ့ကိုကြောက်တဲ့စိတ်ကတော့ရှိနေသေးတာပါပဲ။အဲဒါကြောင့်သူနဲ့အဆင်ပြေပြေနေနိုင်အောင်ကြိုးစားခြင်းသည်
မဖြစ်မနေလိုအပ်သည်။

ဒီနေ့ငါ့ရဲ့လက်ဖက်ရည်ကိုသောက်ရင်မနက်ဖြန်ငါတို့သူငယ်ချင်းကောင်းတွေဖြစ်သွားကြမယ်။အဲ့ဒီရန်ဖြစ်တာတွေ၊သတ်တာတွေ၊ပြန်ပေးဆွဲတာတွေ၊နောက်ဘဝပို့ပေးတာတွေကိုမေ့ပစ်လိုက်တော့။Okay????

ရှန်ယွီရဲ့အတွေးတွေကပြန့်ကျဲနေသည်။သူအများကြီးတွေးမိနေတုန်းမှာရှန်ယွီရဲ့မျက်လုံးတွေကထန်လီရဲ့ မှုန်မှိုင်းနေတဲ့မျက်လုံးတွေနဲ့အကြည့်ချင်းဆုံမိသွားသည်။ရှန်ယွီ ရုတ်တရက်လန့်သွားပြီးသူ့ရဲ့အတွေးတွေလည်းပျောက်ကွယ်သွားတော့၏။

ထားလိုက်ပါတော့။ဒီဗီလိန်လေးရဲ့မကောင်းတဲ့အကျင့်တွေအကုန်ပြင်ပြီးတဲ့အချိန်အထိသူကငြိမ်ငြိမ်လေးနေရမှာပေါ့။
သူကသူရဲ့စိတ်ပျက်စရာကောင်းတဲ့အတွေးတွေထဲမှာထပ်ပြီး
ပျောက်ဆုံးသွားပြန်သည်။

တစ်ချိန်တည်းမှာပဲနည်းနည်းလေးမှမလှုပ်ပဲရပ်နေတဲ့
ထန်လီကသူ့ခေါင်းကိုဖြည်းဖြည်းလေးခါပြီး“ဟင့်အင်း”
ဟုပြောလိုက်သည်။

ဆယ်နှစ်အရွယ်ကလေးတစ်ယောက်ရဲ့အသံကကြည်လင်ပြတ်သားပြီးနူးညံ့နေရမှာလေ။ဒါ‌ပေမဲ့နားထောင်တဲ့သူတောင်အဆင်မပြေဖြစ်ရလောက်အောင်ထန်လီရဲ့အသံက
အက်ပြီး‌တောင့်တောင့်ကြီးဖြစ်နေ၏။

နည်းနည်းအာရုံပျံ့နေတဲ့ရှန်ယွီကထန်လီရဲ့ကိုယ်ပေါ်ကဒဏ်ရာတွေကိုကြည့်မိသွားသည်။ဗီလိန်တစ်ယောက်ရဲ့ငယ်ဘဝကအရမ်းကိုခက်ခဲမယ်ဆိုတာသူသိသည်။ဒါပေမဲ့
ဒီလောက်အထိဆိုးရွားလိမ့်မည်ဟုမထင်ထားခဲ့။

“ဗိုက်ဆာနေလား”ရှန်ယွီက လက်ဖက်ရည်ခွက်ကိုအစေခံဆီပေးလိုက်ပြီးမေးလိုက်၏။ “မုန့်စားမလား”
ထန်လီ ကပြန်မ‌ဖြေ။ဘေးတွင်ရပ်နေသောအစေခံသည်
ထန်လီသေချာပြန်မဖြေတာကိုကြည့်ပြီးအရမ်းစိုးရိမ်နေခဲ့သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now