Chapter - 19

13.2K 2.2K 58
                                    

Unicode

ရှန်ယွီကထန်လီကိုအချိန်အကြာကြီးငေးကြည့်နေခဲ့ပြီးရုတ်တရက်ထရယ်လိုက်ကာသူ့လက်တွေနဲ့ထန်လီရဲ့နှာခေါင်းထိပ်လေးကိုဖြည်းဖြည်းလေးဆွဲညှစ်လိုက်သည်။

"အဲ့လိုဆိုလည်းတိုက်ရိုက်ပြောတာပိုမကောင်းဘူးလား။ကိုယ်ကအရမ်းပြောရဆိုရခက်ပုံစံပေါက်နေလို့လား။"

ထန်လီကရှန်ယွီရဲ့ရုတ်တရက်ဆန်လွန်းတဲ့အပြုအမူကြောင့်လန့်သွားခဲ့ပြီးသူ့ကိုယ်သူတောင်မသိလိုက်ဘဲနောက်ကိုဆုတ်မိသွားသည်။သူနောက်ဆုတ်လိုက်မိတာကိုသတိထားမိသွားတော့မှသူကရှက်သွားပြီးအရှေ့ကိုပြန်တိုးလိုက်သည်။အစကသူ့မျက်နှာနဲ့ရှန်ယွီရဲ့လက်ကနည်းနည်းဝေးနေခဲ့ပေမဲ့သူအရှေ့ကိုမြန်မြန်ပြန်တိုးလိုက်တော့သူ့မျက်နှာတစ်ခုလုံးက
ရှန်ယွီရဲ့လက်ဖဝါးနဲ့ထိမိသွားသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲအောက်ပြန်မချရသေးတဲ့
ရှန်ယွီရဲ့လက်ဖဝါးတစ်ပြင်လုံးကနူးညံ့မှုလေးကိုခံစားမိလိုက်သည်။သူသေချာကြည့်လိုက်တော့မှဗီလိန်လေးရဲ့ပူနေတဲ့ပါးလေးကိုသူကိုင်ထားမိတာကိုတွေ့လိုက်ရသည်။ရှန်ယွီကပြုံးလိုက်ကာမျက်ခုံးတွေကိုပင့်လိုက်သည်။

"အရမ်းတွေတက်ကြွနေပါလား။"

သူတို့စကားပြောနေတဲ့အချိန်အတွင်းမှာထန်လီရဲ့အသက်ရှုသံကတဖြည်းဖြည်းမြန်လာခဲ့သည်။သူ့လက်ဖဝါးလေးဆီကလေနွေးနွေးလေးကြောင့်ရှန်ယွီရဲ့နှလုံးသားလေးကနွေးထွေးသွားခဲ့သည်။အဲဒါကငှက်မွေးနဲ့အပွတ်ခံလိုက်ရသလိုမျိုးနည်းနည်းပူပြီးတော့ယားကျိယားကျိလေးခံစားရသည်။ထန်လီရဲ့မျက်နှာတစ်ခုလုံးကသူ့လက်နဲ့အကာခံထားရတာတောင်ဗီလိန်လေးရဲ့မျက်နှာလေးကနီရဲနေတယ်ဆိုတာရှန်ယွီသိနေသည်။

တချို့အချိန်တွေဆိုဒီကလေး‌လေးကအရမ်းရှက်တတ်သေးသည်။အခုလိုမျိုးပေါ့။ရှက်နေလို့သူ့လက်နဲ့မျက်နှာထိနေတာတောင်ဖယ်လိုက်ဖို့သတိမရဘူး။သက်ပြင်းချရင်းနဲ့ပဲရှန်ယွီကရယ်လည်းရယ်ချင်နေသလိုဘာလုပ်ရမှန်းမသိလည်းဖြစ်နေသည်။သူကထန်လီမျက်နှာပေါ်ကသူ့ရဲ့လက်ကိုဖယ်လိုက်ပြီးဗီလိန်လေးကိုသူ့ရင်ခွင်ထဲဖြည်းဖြည်းလေးဆွဲသွင်းလိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now