Chapter - 42

10K 1.7K 17
                                    

Unicode

တကယ်တော့ရှန်ယွီဒီမေးခွန်းကိုမမေးလိုက်ခင်ကတည်းကအဖြေကိုသိထားပြီးသားဖြစ်သည်။တကယ်လို့ထန်လီနဲ့ရီဟန်တို့ရန်မဖြစ်ခဲ့ဘူးဆိုရင်တောင်ထန်လီမျက်နှာပေါ်ကဒဏ်ရာတွေကရီဟန်နဲ့တစ်နည်းမဟုတ်တစ်နည်းဆက်စပ်နေမှာပဲ။

ထန်လီကလည်းမငြင်းခဲ့ဘူး။အဲ့ဒီအချိန်အတွင်းမှာသူကရှန်ယွီရဲ့အကြည့်တွေအောက်ကလွတ်မြောက်ချင်နေပုံပေါ်သည်။သူ့နားရွက်တွေကနည်းနည်းနီနေပြီးသူကအံကိုတင်းတင်းကြိတ်ထားသည်။အဲ့ဒီပုံစံကိုကြည့်လိုက်တာနဲ့သူအပြစ်ရှိတယ်လို့ခံစားနေရတယ်ဆိုတာကိုသိနိုင်သည်။

ထန်လီကပြန်ဖြေဖို့တွေဝေနေတာကိုကြည့်ပြီးရှန်ယွီကနောက်ထပ်ဘာမေးခွန်းမှမမေးတော့ဘူး။

-------------------------

ထန်လီရဲ့ဒဏ်ရာတွေကိုဆေးထည့်ပေးနေတာနာရီဝက်လောက်ရှိနေပြီဖြစ်သည်။ဒါပေမဲ့တကယ်တမ်းတော့ဆေးထည့်ပေးတယ်‌ဆိုတာထက်ဒဏ်ရာတွေကိုသိပ်ကြည့်ရမဆိုးတော့အောင်လုပ်ပေးနေတာဖြစ်သည်။ထန်လီကသူ့မျက်နှာကိုသိပ်ဂရုစိုက်ပုံမပေါ်ဘူး။ဦးလေးကျန်းယူလာပေးတဲ့မှန်ကိုတောင်မကြည့်နိုင်ပဲရှန်ယွီရဲ့အမူအရာကိုပဲဂရုတစိုက်စောင့်ကြည့်နေခဲ့သည်။

ရှန်ယွီကိုကြည့်ရတာစိတ်မပျော်ပုံပေါ်နေတာကြောင့်ထန်လီကနည်းနည်းစိုးရိမ်လာသည်။သူကမျက်လွှာလေးကိုချထားပြီးသူ့နှုတ်ခမ်းထောင့်လေးတွေကလည်းအောက်ကျနေကာအသက်တောင်သေချာမရှုရဲခဲ့ဘူး။

ထန်လီကိုအဲ့ဒီလိုပုံစံမျိုးနဲ့တွေ့လိုက်ရတော့ရှန်ယွီကဒေါသလည်းထွက်သလိုစိတ်လည်းညစ်နေမိသည်။ပြီးတော့ဝမ်းနည်းသလိုလိုလည်းခံစားနေရသည်။

"နောက်ကိုဒီလိုကိစ္စတွေကြုံလာခဲ့ရင်ကိုယ့်ကိုလာရှာပါလို့ကိုယ်ပြောထားခဲ့တယ်မလား။"

ရှန်ယွီကထန်လီရဲ့မျက်နှာလေးကိုကိုင်ထားလိုက်ပြီးမွန်းကျပ်နေတဲ့လေသံတဲ့ပြောလိုက်သည်။

"အခုကြည့်ရတာတော့မင်းကကိုယ့်စကားကိုလုံးဝမမှတ်ထားတဲ့ပုံပဲ။"

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now