Chapter - 57

6.8K 1.5K 99
                                    

Unicode

လုပ်ဖော်ကိုင်ဖက်?

သူမှားပြီးကြားမိတာလို့ရှန်ယွီကထင်ခဲ့မိသည်။သူကကားထဲမဝင်ခင်ခဏရပ်လိုက်သည်။ရှန်ယွီကကျိုးချဲရဲ့မျက်လုံးတွေကိုကြည့်ပြီးမေးလိုက်သည်။

"ဒီလုပ်ဖော်ကိုင်ဖက်ဆိုတာကဘယ်လိုဖြစ်လာတာလဲ။"

ကျိုးချဲကကြောင်အသွားသည်။လုပ်ဖော်ကိုင်ဖက်ဆိုမှတော့လုပ်ဖော်ကိုင်ဖက်ပေါ့။

သူ့မေးခွန်းကဘာကြီးလဲ 'ဒီလုပ်ဖော်ကိုင်ဖက်ဆိုတာဘယ်လိုဖြစ်လာတာလဲ။'တဲ့

ကျိုးချဲကရှင်းပြဖို့အခက်တွေ့နေတဲ့အချိန်မှာပဲကားထဲမှာ Bluetooth ခေါ်ဆိုမှုတစ်ခုနဲ့ချိတ်ဆက်သွားခဲ့ပြီးထန်လီရဲ့အေးစက်နေတဲ့အသံက စတီရီယိုထဲကထွက်ပေါ်လာခဲ့သည်။

"ရှန်ယွီ?"

"သစ်အယ်သီးလေး"

ရှန်ယွီကအံ့သြဝမ်းသာသွားပြီးစိတ်လှုပ်ရှားနေတာကြောင့်သူ့လေသံတောင်ပြောင်းသွားခဲ့သည်။

"အခုဘယ်မှာလဲ။"

"ကျွန်တော်ကအိမ်မှာ"

ထန်လီကပြောလိုက်သည်။

"ဘယ်အိမ်လဲ"

ရှန်ယွီကနည်းနည်းကြောင်သွားသည်။ထန်လီဘာကိုဆိုလိုတာလဲဆိုတာကိုသူနားမလည်ခဲ့ဘူး။

"ကိုယ်မင်းကိုအိမ်မှာမတွေ့မိပါဘူး။"

"အဲ့ဒါကရှန်မိသားစုအိမ်မဟုတ်ဘူး..."

ထန်လီကရှန်ယွီနဲ့ဒီအကြောင်းကိုမပြောချင်တဲ့ပုံစံမျိုးနဲ့မရေမရာပြောလိုက်သည်။သူကခဏနေတော့မျက်တောင်တစ်ချက်တောင်မခတ်ပဲခေါင်းစဥ်ပြောင်းပြောလိုက်သည်။

"ကျိုးချဲနောက်ကိုသာလိုက်လာခဲ့ပါ။သူကခင်ဗျားကိုကျွန်တော်နဲ့တွေ့ဖို့ခေါ်လာပေးလိမ့်မယ်။"

ကျိုးချဲကသူ့ကိုယ်သူကပျာကယာလက်ညှိုးထိုးရင်းပြောလိုက်သည်။

"ကျွန်တော်က ကျိုးချဲပါ။"

"Oh ဟုတ်ပါပြီ..."

ရှန်ယွီကခြောက်ကပ်စွာပြောလိုက်သည်။

ဖုန်းချပြီးသွားတဲ့အချိန်မှာတော့ရှန်ယွီကကားထဲဝင်ထိုင်လိုက်ပြီးစကားတစ်ခွန်းမှမပြောပဲလုံခြုံရေးခါးပတ်ကိုပတ်လိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now