Chapter - 4

16.2K 3K 108
                                    

Unicode

နောက်နေ့မနက်ရောက်တော့အခေါ်ခံထားရတဲ့ဒေါက်တာလျိုကသူ့ရဲ့သင်တန်းကိုခဏနားထားခဲ့ပြီးနိုင်ငံခြားကအလောတကြီးပြန်လာခဲ့သည်။သူကနားတောင်မနားဘဲလေဆိပ်ကိုရောက်ရောက်ချင်းရှန်အိမ်တော်သို့လာခဲ့၏။ဆေးကိရိယာအမျိုးမျိုးကိုကိုင်ထားကြတဲ့ဆေးအကူလေးယောက်နဲ့အတူသူကသူ့ရဲ့ဆေးသေတ္တာကိုယူပြီးရှန်ယွီရဲ့အိပ်ခန်းဆီတန်းသွားခဲ့သည်။

ရှန်ယွီကိုနှိုးဖို့သွားနေတဲ့ဦးလေးကျန်းကအလျင်စလိုဖြစ်နေတဲ့ဒေါက်တာလျိုကိုတွေ့ပြီးအံ့ဩသွားသည်။သူကဒေါက်တာလျိုကိုမြန်မြန်တားပြီးမေးလိုက်သည်။
"အရေးကြီးကိစ္စရှိလို့လား ဒေါက်တာလျို"
"ရှန်သခင်လေးရော"
"သူအထဲမှာရှိပါတယ်"
"သူအဆင်ပြေရဲ့လား"
"အခုလောလောဆယ်တော့သူအဆင်ပြေပါတယ်"
ဦးလေးကျန်းကဒေါက်တာလျိုကိုကြည့်ပြီးစိုးရိမ်လာသည်။
"ဒေါက်တာကဘာလို့မေးတာလဲ"
ဒေါက်တာလျိုကသူ့နှာခေါင်းကိုပွတ်လိုက်သည်။
"အန်တီချန်းကကျွန်တော့်ကိုလာဖို့‌ဖုန်းဆက်ခေါ်ထားတာမဟုတ်ဘူးလား"

သူတို့အသံကိုကြားတာနဲ့သူတို့ရှေ့မှာရှိတဲ့အိပ်ခန်းတံခါးကဖြည်းဖြည်းချင်းပွင့်သွားသည်။သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ရှန်ယွီကဝှီးချဲပေါ်မှာထိုင်ပြီးထွက်လာခဲ့၏။ရှန်ယွီကသူ့မျက်လုံးတွေမှိတ်သွားတဲ့အထိပြုံးလိုက်တော့သူ့ပါးပေါ်မှာပါးချိုင့်လေးနှစ်ခုကပေါ်လာသည်။
"မင်္ဂလာနံနက်ခင်းပါ ဒေါက်တာလျို။ခရီး‌အဝေးကြီးကနေပြန်လာခဲ့ရတာပဲ။ကျွန်တော့ကြောင့်အဆင်မပြေဖြစ်သွားသေးလား။"

"ကျွန်တော်ကရှန်သခင်လေးအတွက်ဆိုအမြဲအဆင်သင့်ရှိပါတယ်ဗျာ။"
ဒေါက်တာလျိုကပြုံးပြီးပြောလိုက်သည်။
"ကြည့်ရတာတော့ရှန်သခင်လေးကအခုတော်တော်ပြန်ကောင်းလာပြီပဲ။ဦးလေးကျန်းရဲ့အကူအညီမပါပဲတစ်ယောက်တည်းထပြီးအဝတ်အစားတောင်လဲနိုင်နေပြီ။
ပေးထားတဲ့ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းတွေကိုရော‌သေသေချာချာပြီးအောင်လုပ်ထားသေးလား။"

"လေ့ကျင့်ခန်းတွေနေ့တိုင်းလုပ်ပါတယ်။တစ်ခါမှအပျင်းမထူဖူးပါဘူး။"
ရှန်ယွီကရယ်လိုက်ပြီးခေါင်းစဉ်ပြောင်းလိုက်သည်။
"ဒါပေမဲ့ဒီနေ့ရဲ့ဇာတ်လိုက်ကတော့ကျွန်တော်မဟုတ်ဘူး"
ဒေါက်တာလျို : "Oh?"
------------------------------
တစ်ဖက်မှာတော့ထန်လီကအာရုဏ်မတက်ခင်ကတည်းကနိုးနေခဲ့သည်။သူကသူ့အမျိုးတွေအိမ်မှာနေတဲ့အချိန်ကစပြီးမနက်ဆိုနောက်ကျတဲ့အထိမအိပ်တတ်တာအကျင့်ဖြစ်လာသည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now