Chapter - 11

14.4K 2.6K 25
                                    

Unicode

ရှန်ယွီနဲ့ဦးလေးကျန်းတို့တရားရုံးရှေ့‌ရောက်သည့်အချိန်တွင်ရှန်ယွီလာမည့်သတင်းကိုကြားထားသည့်သတင်းထောက်များကတရားရုံးရှေ့တွင်ပြည့်နေသည်။ဦးလေးကျန်းတွန်းလာ
သည့်ဝှီးချဲပေါ်ကရှန်ယွီကိုမြင်လိုက်တာနဲ့သတင်းထောက်အုပ်ကြီးကဆာလောင်နေတဲ့ကျားတွေလိုရှန်ယွီဆီပြေးလာကြတော့သည်။

တော်‌သေးလို့ဦးလေးကျန်းကသက်တော်စောင့်တွေခေါ်လာခဲ့တာကြောင့်လူအုပ်ကြီးကရှန်ယွီဆီမ‌ရောက်လာခင်ဘော်ဒီ
ဂတ်တွေကရှေ့တိုးလာကြပြီးရှန်ယွီပတ်ပတ်လည်တွင်တံတိုင်းတွေလိုကာကွယ်ပေးထားခဲ့သည်။သတင်းထောက်တွေကလက်မလျှော့ပဲဘော်ဒီဂတ်တွေကြားတိုးဝှေ့နေရင်းသူတို့ရဲ့မိုက်ခရိုဖုန်းတွေကိုရှန်ယွီဆီရောက်အောင်အတင်းတွန်းပို့ထားကြသည်။

"မစ္စတာရှန်  ထန်မိသားစုကကလေးကိုမွေးစားဖို့ဆုံးဖြတ်လိုက်ပြီလား။အခုတလောဒီကလေးကြောင့်မစ္စတာရှန်နဲ့အကြီးအကဲရှန်တို့ကြားအငြင်းပွားမှုတွေဖြစ်နေတယ်ဆိုတဲ့သတင်းတွေကြားနေရပါတယ်။အဲဒါအမှန်ပဲလား။ကျေးဇူးပြုပြီးပြန်ဖြေပေးပါ။"

ဒီမေးခွန်းကိုလျှာစောင်းထက်ပုံရတဲ့အမျိုးသမီးသတင်းထောက်တစ်ယောက်ကမေးလိုက်တာဖြစ်သည်။သူမကသူမရဲ့လက်ကိုဘော်ဒီဂတ်တစ်ယောက်ရဲ့ပခုံးပေါ်ကကျော်ပြီးမေးနေတာကြောင့်သူမရဲ့ကြိုးမဲ့မိုက်ခရိုဖုန်းကရှန်ယွီရဲ့မျက်နှာကိုတိုက်မိတော့မည့်အခြေအနေတောင်ရောက်နေသည်။

ဦးလေးကျန်းကဒီအခြေအနေကိုမြင်တော့အရမ်းဒေါသထွက်သွားခဲ့သည်။သူကအမျိုးသမီးသတင်းထောက်ရဲ့လက်ကိုအားနည်းနည်းထည့်ကာဆွဲကိုင်လိုက်သည်။သူမကအရမ်းနာလွန်းလို့အော်တောင်မအော်နိုင်တော့ပဲသူမရဲ့မျက်နှာအမူအရာကလည်းရှုံ့မဲ့နေတော့သည်။

"ကလက်" အသံထွက်လာသည်။

အစတုန်းကအမျိုးသမီးသတင်းထောက်ရဲ့လက်ထဲမှာရှိနေခဲ့တဲ့ကြိုးမဲ့မိုက်ခရိုဖုန်းကအောက်သို့ကျသွားသည်။ပတ်ဝန်းကျင်ကဘယ်သူတက်နင်းလိုက်လဲတော့မသိဘူး။အစကအလွန်မာကျောတယ်လို့ထင်ရတဲ့ကြိုးမဲ့မိုက်ခရိုဖုန်းကအခုတော့တစ်စစီဖြစ်သွားသည်။အမျိုးသမီးသတင်းထောက်ကမိုက်ခရိုဖုန်းကိုကြည့်ရင်းသူ့မျက်နှာကအပြာရောင်ပြောင်းလာသည်။သူမနှလုံးသားထဲကဒေါသတွေကသူမရဲ့မျက်လုံးတွေထိရောက်လာခဲ့သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now