Chapter - 14

14.6K 2.6K 22
                                    

Unicode

ရှန်ယွီစာသင်ခန်းတံခါးနားတောင်မရောက်သေးခင်မှာပဲစာသင်ခန်းထဲကပြေးထွက်လာတဲ့ပုံရိပ်လေးကိုလှမ်းတွေ့လိုက်ရသည်။ရှန်ယွီဘာမှမတုံ့ပြန်ရသေးခင်အဲ့ဒီပုံရိပ်လေးကသူ့ဆီကိုအရှိန်အပြည့်နဲ့ပြေးလာခဲ့သည်။အနားရောက်ခါနီးတော့ထန်လီကရုတ်တရက်အပြေးရပ်လိုက်ပြီးအမူအရာမဲ့စွာရပ်နေခဲ့သည်။

ရှန်ယွီကဗီလိန်လေးကိုသူ့လက်မောင်းတွေဖွင့်ထားပြီးကြိုဆိုဖို့အဆင်သင့်ဖြစ်နေခဲ့သည်။သူကဗီလိန်လေးကိုဖက်ထားဖို့သူ့လက်တွေကိုမြှောက်ထားလိုက်တဲ့အချိန်မှာပဲဗီလိန်လေးကသူ့ရင်ခွင်ထဲပြေးဝင်လာဖို့အစီအစဥ်မရှိဘူးဆိုတာကိုတွေ့လိုက်ရသည်။

"....."ရှန်ယွီကသူ့လက်တွေကိုအောက်ပြန်ချလိုက်ပြီးလက်တစ်ဖက်နဲ့သူ့နှာခေါင်းကိုပွတ်ကာရှက်ရှက်နဲ့သူတစ်ယောက်ပဲအရမ်းတွေစိတ်အားထက်သန်နေတာလားလို့တောင်တွေးမိသွားသည်။သူတို့ကတစ်နေရာတည်းမှာရပ်နေကြပြီးထန်လီရဲ့လှပတဲ့မျက်လုံးတွေကရှန်ယွီကိုကြည့်နေခဲ့သည်။

ထန်လီရဲ့နောက်ကလျှောက်လမ်းပြတင်းပေါက်အပြင်ဘက်မှာရှိနေတဲ့ကကောင်းကင်ကြီးကအနီရောင်တွေဖုံးလွှမ်းနေတာကြောင့်သူ့မျက်နှာကိုဝိုးတိုးဝါးတားသာမြင်နေရပေမဲ့သူ့မျက်ဝန်းတွေကတော့အရင်အတိုင်းတောက်ပနေတုန်းပါပဲ။

သူ့မျက်လုံးတွေကကြယ်တွေအပြည့်ရှိနေတဲ့ညကောင်းကင်ကြီးနဲ့တောင်တူနေသည်။အဲဒီအချိန်ခဏလေးမှာအရမ်းကိုကြည့်လို့ကောင်းနေတာကြောင့်ရှန်ယွီကဗီလိန်လေးရဲ့မျက်လုံးတွေကိုတည့်တည့်မကြည့်ရဲခဲ့ပါဘူး။

"သစ်အယ်သီးလေး"

ရှန်ယွီကရယ်လိုက်ပြီးလှမ်းခေါ်လိုက်ရင်းတစ်ချိန်ထဲမှာပဲသူ့လက်ကိုဝှေ့ရမ်းပြခဲ့သည်။ထန်လီကရှန်ယွီနဲ့နေတာနည်းနည်းကြာလာတော့ရှန်ယွီရဲ့အမူအကျင့်တွေကိုကျင့်သားရနေပြီဖြစ်သည်။ရှန်ယွီသူ့ကိုလှမ်းခေါ်လိုက်တော့သူ့ကိုယ်သူတောင်သတိမထားလိုက်မိဘဲရှေ့ကိုခြေလှမ်းအနည်းငယ်လှမ်းမိသွားသည်။

ထန်လီရဲ့တုံဏိဘာဝေအမူအရာကိုရှန်ယွီကပြုံးရင်းမျက်စိမှေး၍ကြည့်လိုက်ပြီးအပေါ်ကိုကွေးတက်နေတဲ့သူ့ရဲ့နှုတ်ခမ်းတွေကိုလည်းထိန်းချုပ်မရတော့။နောက်ဆုံးတော့သူကသက်ပြင်းချလိုက်ပြီးထန်လီရဲ့နူးညံ့နေတဲ့ဆံပင်လေးတွေကိုထိကာညင်သာစွာမေးလိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now