Chapter - 48

7.9K 1.5K 47
                                    

Unicode

နောက်ရက်အနည်းငယ်နေရင်တစ်ဦးတည်းသောမြေးဖြစ်တဲ့ရှန်ယွီကအဘိုးရှန်ရဲ့မွေးနေ့ပွဲကိုကျင်းပပေးတော့မှာဖြစ်သည်။အချိန်ကန့်သတ်ချက်တွေကြောင့်ရှန်ယွီကသူ့ရဲ့အင်အားအကုန်လုံးကိုပွဲစီစဥ်တဲ့နေရာမှာသုံးလိုက်ရသည်။

မွေးနေ့ပွဲကရှန်ယွီရဲ့အိမ်မှာကျင်းပမှာမဟုတ်ပဲရှန်ကုမ္ပဏီကပိုင်တဲ့ဟိုတယ်တစ်ခုမှာကျင်းပမှာဖြစ်သည်။လွန်ခဲ့တဲ့တစ်လလောက်ကတည်းကရှန်ယွီကဟိုတယ်ကိုတစ်ပတ်လောက်ပိတ်ထားဖို့ကြိုမှာထားပြီးသားဖြစ်သည်။အဲ့ဒါကြောင့်မို့လို့ပွဲပြင်ဆင်ရမည့်အချိန်ရောက်လာတော့အားလုံးကမွေးနေ့ပွဲပြင်ဆင်ဖို့ကိုပဲအာရုံစိုက်ထားပြီးသေချာပြင်ဆင်နိုင်ခဲ့ကြသည်။

ဖိတ်ကြားမယ့်ဧည့်သည်စာရင်းကတော့---

ရှန်ယွီကဒီကိစ္စကြောင့်ဆက်တိုက်ခေါင်းကိုက်နေရသည်။

ထန်လီကိုစခေါ်လာတဲ့အချိန်တုန်းကအကြီးအကဲရှန်ကရှန်ယွီအတွက်လက်တွဲဖော်ရှာပေးချင်ခဲ့သေးသည်။ဒါပေမဲ့သူကထန်လီရဲ့အရူးလုပ်မှု‌တွေ
ကြောင့်ဘာတွေ့ဆုံပွဲမှမစီစဥ်နိုင်ခဲ့ဘူး။

နောက်ပိုင်းမှာတော့ရှန်ယွီကဗီလိန်လေးအရွယ်ရောက်တဲ့အချိန်အထိရည်းစားမထားပါဘူးလို့ထန်လီကိုကတိပေးထားကြောင်းအကြီးအကဲရှန်ကိုရိုးရှင်းစွာပြောပြခဲ့သည်။

အဲ့ဒါကိုကြားပြီးနောက်မှာအကြီးအကဲရှန်ကအချိန်တော်တော်ကြာတဲ့အထိဒေါသထွက်နေခဲ့သည်။သူကရှန်ယွီကိုကိုယ့်တာဝန်ဝတ္တရားတွေကိုဂရုမစိုက်ရကောင်းလားဆိုပြီးပြစ်တင်ပြော‌ဆိုခဲ့သည်။တကယ်တော့ရှန်ယွီကလေးလေးကိုစပြီးမွေးစားလိုက်တဲ့အချိန်ကတည်းကသူ့ရဲ့အစီအစဥ်တွေကကျရှုံးပြီးသားဖြစ်နေပြီဖြစ်သည်။

ရှန်ယွီကစိတ်မကောင်းမဖြစ်သွားဘဲအကြီးအကဲရှန်ရဲ့ညည်းညူစကားတွေကိုနားထောင်ပေးခဲ့သည်။ခဏကြာတော့မှသူကဖြည်းဖြည်းလေးနဲ့တည်ငြိမ်စွာပြောလိုက်သည်။

"သစ်အယ်သီးလေးကိုကောင်းကောင်းဂရုစိုက်ပေးဖို့အဖိုးပဲကျွန်တော့်ကိုပြောခဲ့တာမဟုတ်ဘူးလား။ကျွန်တော်ကအဖိုးပြောတဲ့အတိုင်းလုပ်နေတာပဲလေ။"

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now