Chapter - 13

13.3K 2.8K 70
                                    

Unicode

ဖုန်းပြောတာကိုပဲအာရုံစိုက်နေတဲ့ရှန်ယွီကအခန်းထဲမှာရှိတဲ့ဝန်ထမ်းတွေရဲ့အံ့ဩနေတဲ့အမူအရာတွေကိုသတိမထားမိခဲ့ဘူး။သူကအစည်းအဝေးခန်းဘေးကဧည့်ကြိုခန်းထဲကိုမြန်မြန်သွားလိုက်သည်။ဧည့်ကြိုခန်းရဲ့တံခါးကိုပိတ်ပြီးနောက်မှာဝှီးချဲကိုတောက်ပနေတဲ့ပြတင်းပေါက်တွေ‌ရှေ့ထိရောက်အောင်တွန်းသွားလိုက်သည်။

သူအဲ့လိုလုပ်တာတွေကအရမ်းလည်းမမြန် အရမ်းလည်းမကြာပဲ ငါးမိနစ်လောက်ပဲကြာလိုက်သည်။အဲဒီငါးမိနစ်အတွင်းမှာဟိုဘက်ကထန်လီကဘာအသံတစ်သံမှမထွက်ခဲ့ဘူး။သူ့ရဲ့အသက်ရှုသံကိုရှန်ယွီတောင်မကြားရတော့တဲ့အထိတိတ်ဆိတ်နေခဲ့သည်။

"သစ်အယ်သီးလေး???"

ရှန်ယွီကနူးညံ့စွာခေါ်လိုက်သည်။သူကရပ်သွားပြီးဖုန်းကိုနားနားကခွာလိုက်ကာဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တော့ဖုန်းကမကျသေးတာကိုတွေ့လိုက်ရသည်။ထူးဆန်းလိုက်တာ။

"သစ်အယ်သီးလေး?ကိုယ်ပြောတာကြားရလား???"

အချိန်တော်တော်ကြာပြီးနောက်မှာမှတိုးတိုးလေးပြောလိုက်တဲ့အက်ရှရှအသံလေးကိုကြားလိုက်ရသည်။

"ဟုတ် ကြားရပါတယ်"

သူ့အသံကနည်းနည်းမပျော်တဲ့ပုံပေါက်နေတယ်။စိတ်ဆိုးနေတဲ့လူတစ်ယောက်စကားပြောနေတာနဲ့တူနေသလိုပဲ။ရှန်ယွီကအဲဒါကိုသတိထားမိပြီးစိတ်လှုပ်ရှားစွာနဲ့မြန်မြန်လေးမေးလိုက်သည်။

"ဘာဖြစ်လို့လဲ။ကျောင်းမှာကိစ္စတစ်ခုခုဖြစ်လို့လား။"

ထန်လီကအသံနိမ့်နိမ့်နဲ့ပြန်ဖြေလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။"

ရှန်ယွီကမျက်မှောင်ကျုံ့လိုက်ပြီးလေးနက်စွားသတိပေးလိုက်သည်။

"မလိမ်နဲ့နော်။ကိုယ်လိမ်တဲ့ကလေးတွေကိုသဘောမကျဘူး။"

စိတ်ဓာတ်ကျနေတဲ့ထန်လီကရှန်ယွီပြောတာကြားလိုက်တော့ချက်ချင်းအားအပြည့်နဲ့စိတ်လှုပ်ရှားစွာပြောလိုက်သည်။

"ကျွန်တော်မလိမ်ပါဘူး။အဲဒါခွေးလေးလိမ်တာ။"

ဖုန်းကိုင်ထားတဲ့ရှန်ယွီကအခုမှပဲရယ်နိုင်တော့သည်။ထန်လီရဲ့မျက်လုံးဝိုင်းဝိုင်းလေးနဲ့ချစ်ဖို့ကောင်းတဲ့ပုံစံလေးကိုမြင်ယောင်မိတော့အသည်းတွေယားလာခဲ့သည်။သူတကယ်ပဲ
ဗီလိန်လေးရဲ့နူးညံ့တဲ့ဆံပင်လေးကိုကိုင်ချင်လိုက်တာ။သူ့စိတ်ထဲကပြင်းထန်တဲ့ဆန္ဒကိုတည်ငြိမ်အောင်ထိန်းချုပ်ပြီးနောက်ပြောလိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now