Chapter - 68

9.8K 1.2K 148
                                    

Unicode 

တကယ်တော့ သူဝန်မခံခင်ကတည်းကအကြီးအကဲရှန်ဆီကအဆူခံဖို့ရှန်ယွီပြင်ဆင်ထားပြီးသားဖြစ်သည်။

ဒါပေမဲ့အကြီးအကဲရှန်ကခဏလောက်အကြီးအကျယ်အံ့ဩနေခဲ့နေပြီးထရယ်လိုက်သည်။

"အခုမင်းကငါ့လိုအဖိုးကြီးကိုလာနောက်နေတာလား။လာစမ်းပါ။ငါ့ကိုအရမ်းသိချင်အောင်မလုပ်နဲ့။ဘယ်မိသားစုကကောင်မလေးလဲဆိုတာကိုပြောပြစမ်းပါ။"

ရှန်ယွီကလေးနက်စွာဖြေလိုက်သည်။

"ကျွန်တော်နောက်နေတာမဟုတ်ဘူး။"

အဲ့ဒါကိုကြားလိုက်တော့နောက်ထပ်တစ်ခါအကြာကြီးတိတ်ဆိတ်သွားခဲ့သည်။သူကရှန်ယွီရဲ့အမူအရာကိုသေချာကြည့်လိုက်တော့မှရှန်ယွီကစနောက်နေတဲ့ပုံစံမဟုတ်ဘူးဆိုတာကိုမြင်လိုက်ရသည်။သူကရုတ်တရက်တစ်ခုခုကိုနားလည်သွားခဲ့ပြီးမျက်မှောင်ကျုံ့လိုက်သည်။

"ဒီကောင်စုတ်လေးကတော့"

အကြီးအကဲရှန်ကသူ့တုတ်ကောက်ကိုဒေါသတကြီးကောက်ကိုင်လိုက်ပြီးရှန်ယွီရဲ့ခြေသလုံးကိုအညှာအတာမဲ့စွာရိုက်လိုက်သည်။

"အခုမင်းကသစ်အယ်သီးလေးကိုဒိုင်းကာအဖြစ်သုံးဖို့တောင်လုပ်နေပြီပေါ့။ငါ့လိုအဖိုးကြီးကိုခက်ခဲတဲ့အခြေအနေထဲရောက်အောင်လုပ်ချင်နေတာလား။"

ရှန်ယွီကသတိမထားမိလိုက်တဲ့အချိန်မှာတုတ်နဲ့အရိုက်ခံလိုက်ရသည်။အဲ့ဒါကအရမ်းနာလွန်းလို့ချွေးအေးတွေတောင်ထွက်လာခဲ့သည်။

ဒါပေမဲ့ရှန်ယွီကရှောင်ဖို့စိတ်ကူးမရှိပါဘူး။အဲ့ဒီအစားသူကအကြီးအကဲရှန်ရဲ့မျက်လုံးတွေကိုတည့်တည့်ကြည့်ပြီးလေးလေးနက်နက်ပြောလိုက်သည်။

"ကျွန်တော်နောက်နေတာမဟုတ်ဘူး။အိမ်ထောင်ဖက်မတွေ့ချင်လို့သစ်အယ်သီးလေးကိုဒိုင်းကာအနေနဲ့သုံးနေတာလည်းမဟုတ်ဘူး။ကျွန်တော်ပြောလိုက်တဲ့စကားတိုင်းကအမှန်တွေပဲ။"

အကြာကြီးတိတ်ဆိတ်သွားပြီးမှသူကပြောလိုက်သည်။

"ကျွန်တော်ထန်လီနဲ့အတူရှိချင်တယ်။ခဏတာအတွက်ပဲမဟုတ်ဘူး။ကျွန်တော့်ဘဝတစ်လျှောက်လုံးသူနဲ့အတူနေသွားချင်တယ်။"

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now