Chapter - 22

12K 2.2K 33
                                    

Unicode

ရှန်ယွီကနည်းနည်းတော့အံ့ဩသွားသည်။ထန်လီနဲ့လိန်ယွီမန်ကြားမှာတစ်ခုခုဖြစ်ပြီးခဲ့တာကြောင့်ဗီလိန်လေးကအရင်ကလိုမျိုးလိန်ယွီမန်သူ့အနားကပ်နေတာကိုမောင်းမထုတ်တော့တာဆိုတာသူအလိုလိုသိနေသည်။သူကထန်လီကိုလှည့်ကြည့်လိုက်သည်။

ထန်လီကသူ့ဘေးမှာခေါင်းကိုငုံ့ထားပြီးငြိမ်ငြိမ်လေးထိုင်နေသည်။သူ့စိတ်အခြေအနေကအေးစက်နေပုံပေါ်ပြီးသူဘာတွေတွေးနေလဲဆိုတာဘယ်သူမှမသိနိုင်ခဲ့ဘူး။ရှန်ယွီသူ့ကိုကြည့်နေတယ်ဆိုတာကိုသူသတိထားမိသွားတော့သူကအပေါ်မော့ကြည့်လိုက်ကာနည်းနည်းအံ့ဩသွားသည်။ပြီးတော့မှသူကရှန်ယွီကိုတောက်တောက်ပပပြုံးပြလိုက်သည်။

"ရှန်ယွီ"

ထန်လီကလှမ်းခေါ်လိုက်ပြီးရှန်ယွီဘက်ကိုမှီလာသည်။သူ့လက်တွေကသူ့ရှေ့ကဝှီးချဲလက်ကိုင်ကိုကျော်ဖြတ်သွားပြီး
ရှန်ယွီရဲ့လက်မောင်းကိုတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်။ရှန်ယွီကဗီလိန်လေးရဲ့တွယ်ကပ်မှုတွေကိုကျင့်သားရနေတာကြာပြီဖြစ်သည်။သူကဗီလိန်လေးရဲ့ပါးကိုဆွဲညှစ်လိုက်ပြီးမေးလိုက်သည်။

"ဒီနေ့ညဘာစားချင်လဲ။"

"ခင်ဗျားစားချင်တာပဲစားမယ်။"

ထန်လီကသူ့မျက်နှာကိုရှန်ယွီရဲ့လက်မောင်းကြားထဲနှစ်မြုပ်ထားတာကြောင့်သူ့အသံကနည်းနည်းမပီမပြင်ဝါးတားတားဖြစ်နေသည်။ထန်လီရှူထုတ်လိုက်တဲ့လေပူတွေကရှန်ယွီအင်္ကျီတွေကိုဖြတ်သွားပြီးသူ့လက်မောင်းကိုနွေးထွေးသွားစေသည်။

ရှန်ယွီကနည်းနည်းယားကျိကျိဖြစ်လာတာကြောင့်သူ့လက်ကိုဆွဲထုတ်လိုက်ဖို့ကြိုးစားလိုက်သည်။သူကနှစ်ခါလောက်ကြိုးစားပြီးဆွဲထုတ်တာတောင်တစ်ဖက်လူကအတင်းဖက်ထားတာကြောင့်ဆွဲထုတ်လို့မရခဲ့ဘူး။

"ကိုယ်တို့အန်တီချန်းကိုပဲသူမ ချက်ချင်တဲ့ဟင်းနည်းနည်းလောက်ချက်ခိုင်းလိုက်ကြတာပေါ့။"

ရှန်ယွီကသူ့လက်ကိုဆန့်လိုက်ပြီးထန်လီရဲ့ဆံပင်လေးတွေကိုပွတ်ပေးရင်းပြောလိုက်သည်။ရှန်ယွီကရယ်လိုက်ပြီးခေါင်းကိုခါလိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းDonde viven las historias. Descúbrelo ahora