Chapter - 29

11.7K 2.2K 63
                                    

Unicode

လိန်ယွီမန်ကခဏလောက်တွေဝေနေပေမဲ့နောက်ဆုံးတော့ထွက်သွားတော့သည်။တဖြည်းဖြည်းနဲ့ပိုပြီးညနက်လာခဲ့သည်။ကောင်းကင်မှာလည်းဘာအလင်းရောင်မှမရှိတော့ပဲနှင်းပွင့်တွေသာကျလာနေသည်။

ညအမှောင်ထဲမှာသူရပ်နေရင်းပတ်ဝန်းကျင်မှာလမ်းသွားလမ်းလာတစ်ယောက်တစ်လေတောင်မတွေ့ခဲ့ရဘူး။ဒီကမ္ဘာကြီးတစ်ခုလုံးမှာထန်လီတစ်ယောက်ပဲကျန်နေတော့သလိုမျိုးနှင်းကျသံကလွဲရင်ဘာသံမှမကြားရတဲ့အထိတိတ်ဆိတ်နေခဲ့သည်။

သူကမြေပြင်ကိုတိတ်တိတ်လေးငေးကြည့်နေခဲ့သည်။သူ့မျက်တောင်တွေပေါ်ကျရောက်လာတဲ့နှင်းပွင့်တွေကခပ်မြန်မြန်ပဲအရည်ပျော်သွားပြီးမျက်လုံးထဲဝင်သွားတာကြောင့်သူ့မျက်လုံးတွေကနီရဲနေပြီးသူ့နှုတ်ခမ်းပါးလေးတွေကလည်းအပြာရောင်ပြောင်းနေပြီဖြစ်သည်။

သိပ်မကြာခင်မှာပဲထန်လီကသူ့ရဲ့အေးခဲတောင့်တင်းနေတဲ့ခြေထောက်လေးကိုရွှေ့ပြီးနောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည်။သူ့အနောက်တည့်တည့်မှာတော့ပန်းခင်းသေးသေးလေးရှိနေပြီးပန်းခင်းလေးရဲ့ဘေးမှာတော့သာမန်ကားတစ်စီးရှိနေသည်။ဘာအလင်းမှမရှိနေတဲ့အနက်ရောင်ကားကနှင်းတွေနဲ့အတူအရည်ပျော်ကျသွားမလိုတောင်ထင်ရသည်။

အဲ့ဒီနားမှာကားတစ်စီးရပ်ထားတာကိုသေချာသတိထားမကြည့်ရင်မြင်နိုင်မှာမဟုတ်ဘူး။ဒါပေမဲ့ထန်လီကားကိုခပ်ကြာကြာမရှာကြည့်လိုက်ရပါဘူး။ကားကိုမြင်လိုက်တော့သူကအံ့ဩသွားမိပြီးခပ်မြန်မြန်ပဲပြန်လှည့်လိုက်မိသည်။

သူထင်တာသာမမှားဘူးဆို...ရှန်ယွီကားထဲမှာရှိနေတာပဲ။

မဟုတ်ဘူး။ရှန်ယွီရဲ့အကျင့်နဲ့ဆိုရင်အဲ့ဒီကားပေါ်မှာသူသေချာပေါက်ရှိနေမှာပဲ။ဦးလေးကျန်းတစ်ယောက်တည်းလာရင်ကားကိုအမှောင်ထဲမှာခိုးကြောင်ခိုးဝှက်ရပ်ထားမှာမဟုတ်ဘူး။

သူလက်ပိုက်ပြီးရပ်နေရင်းနဲ့လေအေးတွေကြောင့်သူ့ဦးနှောက်တွေတောင်အေးခဲသွားပြီလို့ခံစားခဲ့ရသည်။ဒါပေမဲ့ရှန်ယွီရဲ့နူးညံ့ကြင်နာတဲ့အပြုံးလေးကိုပြန်တွေးမိလိုက်တော့သူ့နှလုံးသားတစ်ခုလုံးနွေးထွေးသွားပြီးတစက်ကလေးမှမအေးတော့ဘူး။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now