Chapter - 34

11K 2K 21
                                    

Unicode

စိတ်အားထက်သန်နေတဲ့ရုံးခွဲခေါင်းဆောင်နဲ့အတူသီးသန့်ခန်းထဲကိုရှန်ယွီရောက်သွားတဲ့အချိန်မှာတော့ရှန်ရုံကစောင့်ရတာကိုစိတ်မရှည်တော့တဲ့ပုံပေါက်နေသည်။အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ထားတဲ့ရှန်ရုံကတံခါးနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေပြီးလက်တစ်ဖက်ကိုဘေးကခုံပေါ်တင်ထားကာနောက်တစ်ဖက်ကတော့ဖုန်းကိုကိုင်ထားခဲ့သည်။

တံခါးဖွင့်သံကြားလိုက်ရ‌တော့သူကခေါင်းမော့ပြီးအေးတိအေးစက်ပုံစံနဲ့ကြည့်လိုက်သည်။ရှန်ရုံရဲ့မျက်နှာပေါ်မှာဘာခံစားချက်မှရှိမနေပေမဲ့သူ့မျက်လုံးအကြည့်တွေကဓားတွေလိုမျိုးရှန်ယွီအပေါ်ကျရောက်နေတာကိုရှန်ယွီခံစားမိနေသည်။

ရှန်ယွီ : "..."

ဒီလူကိုကြည့်ရတာပြောရဆိုရတော်တော်ခက်မဲ့ပုံပဲ။မူလရှန်ယွီကရှန်ရုံကိုအရင်ကဘယ်လိုဆက်ဆံခဲ့လဲဆိုတာသူမသိပေမဲ့မူလရှန်ယွီရဲ့မာနကြီးပြီးဘယ်သူ့မှဂရုမစိုက်တတ်တဲ့အကျင့်အရသူအခုရုပ်တည်နဲ့နေလိုက်တာကမှားမယ်မထင်ဘူး။

အဲ့ဒါကြောင့်ရှန်ယွီကရှန်ရုံကိုခံစားချက်မဲ့စွာပြန်ကြည့်လိုက်သည်။ရှန်ယွီရဲ့အတွေးတွေသိနေပုံရတဲ့ဦးလေးကျန်းကဝှီးချဲကိုရှေ့ဆက်မတွန်းတော့ပဲတံခါးရှေ့မှာပဲရပ်ထားလိုက်သည်။အခန်းထဲရောက်နေပြီဖြစ်တဲ့ရုံးခွဲခေါင်းဆောင်ကအခုဖြစ်နေတဲ့အခြေအနေကိုသတိထားမိသွားပြီးရှန်ရုံကိုမျက်မှောင်ကျုံ့ကာကြည့်လိုက်သည်။

ရုံးခွဲခေါင်းဆောင်ရဲ့တိတ်တဆိတ်ဖိအားပေးမှုကြောင့်ရှန်ရုံမတ်တပ်ထရပ်လိုက်တဲ့အချိန်အထိ
ရှန်ယွီနဲ့ရှန်ရုံကတစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေခဲ့ကြသည်။သူကဖြည်းဖြည်းချင်းလမ်းလျှောက်လာခဲ့ပြီးနောက်ဆုံးရှန်ယွီရှေ့မှာရပ်လိုက်ကာရှန်ယွီကိုငုံ့ကြည့်လိုက်သည်။

ရှန်ရုံထွက်သွားလိမ့်မယ်လို့ရှန်ယွီထင်ထားခဲ့ပေမဲ့မနည်းအားတင်းပြီးပြုံးထားရတဲ့ရှန်ရုံရဲ့ထူးဆန်းတဲ့အပြုံးကြီးကိုသူမြင်လိုက်ရသည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now