Chapter - 1

33.9K 3.2K 48
                                    

Unicode

ရှန်မိသားစုရဲ့အဓိကအိမ်တော်က S မြို့တော်ရဲ့ချမ်းသာပြီး
ကျော်ကြားတဲ့သူတွေသာနေနိုင်တဲ့အိမ်ရာဝန်းအတွင်းမှာတည်ရှိသည်။ထိုဗီလာကမြို့ပြင်မှာတည်ရှိပြီးအလွန်လှပတဲ့
တောင်တန်းတွေမြစ်ချောင်းတွေကိုတွေ့မြင်နိုင်သည်။

ခြွင်းချက်မရှိဘဲ S မြို့တော်မှာရှိတဲ့ချမ်းသာကြွယ်ဝပြီးဩဇာအာဏာရှိတဲ့လူတိုင်းဟာထိုဗီလာတွင်အိမ်ခြံမြေဝယ်ရန်
အတတ်နိုင်ဆုံးကြိုးစားကြ၏။ထိုသိုဝယ်ယူခြင်းအားဖြင့်
ဗီလာထဲမှာနေထိုင်သည့်အခြားသောအာဏာရှိသူများကို
တွေ့ဆုံနိုင်ပြီးသူတို့၏အဆင့်အတန်းကိုမြင့်မားစေနိုင်သည်။
တစ်နည်းအားဖြင့်ဆို‌သော်ဤအရပ်တွင်ဥက္ကာပျံကြွေကျလျှင်
၎င်းသည်များစွာသောဂုဏ်သရေရှိလူတန်းစားများကိုတပြိုင်နက်တည်းသေစေနိုင်လိမ့်မည်။

ရှန်မိသားစု၏သခင်လေးရှန်ယွီသည်ဗီလာ၏ဈေးအကြီးဆုံးနေရာတွင်နေထိုင်သည်။အထက်တန်းလွှာအသိုင်းအဝိုင်းမှ
လူသိအများဆုံးဖြစ်သောရှန်အိမ်တော်နှင့်နီးသော အိမ်ခြံဝန်းများသည် ပုံမှန်အားဖြင့်လူကြိုက်အများဆုံးဖြစ်သည်။သို့သော်ကံ‌မကောင်းစွာဖြင့် ဗီလာအတွင်းရှိဗဟိုဧရိယာ၏
အဆောက်အအုံ ဆယ့်နှစ်လုံးကိုရှန်ယွီကဝယ်ယူခဲ့၏။ ရလဒ်အနေဖြင့် လူတော်တော်များများသည်ရှန်ယွီနှင့်မတော်တဆတွေ့ဆုံဟန်ဆောင်ချင်ပါသော်လည်း ၎င်းတို့တွင်ထိုသို့တွေ့ဆုံရန်အခွင့်အရေးနည်းနည်းလေးမှမရှိချေ။

ရှန်ယွီကိုတွေ့ဖို့အတွက်ဗီလာတွင်လာနေသောသူများသည်တစ်နှစ်လောက်စောင့်လျှင်ပင်ရှန်ယွီ၏အရိပ်ကိုပင်မြင်တွေ့
ရဖို့‌မဖြစ်နိုင်ပေ။

ဗီလာ၏ဗဟိုနေရာသည်ကျွန်းတစ်ကျွန်းကဲ့သို့သီးခြားတည်ရှိနေသည်။အပြင်မှလူများသည်လဲမဝင်ရဲသလို အထဲမှလူများသည်လည်းထွက်လာရန်စိတ်ကူးမရှိကြချေ။
အချိန်ကြာသော် ကောလဟာလတစ်ချို့ထွက်ပေါ်လာခဲ့သည်။

ဥက္ကဌရှန်နှင့်သူ၏အမျိုးသမီးတို့သေဆုံးခဲ့သည့်လွန်‌ခဲ့သောတစ်နှစ်ကတည်းကကျန်ရှိခဲ့သောတစ်ဦးတည်းသောသား
ရှန်ယွီသည်လူအများရှေ့သို့ထွက်မလာတတ်ပဲအလုပ်များအားလုံးကိုလဲလက်ထောက်ထံသို့အပြည့်အဝလွှဲအပ်ထားခဲ့သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now