Chapter - 32

11K 2.1K 54
                                    

Unicode

ပထမတုန်းကထန်လီရဲ့ကျောင်းရှေ့မှာကျောင်းသားမိဘယောင်ဆောင်ပြီးတော့ရှန်ယွီကိုတိတ်တိတ်လေးစောင့်ကြည့်နေခဲ့သည်။ရှန်ယွီသူ့ကိုတွေ့သွားတော့အဲ့ဒီဦးလေးကြီးကတစ်ပတ်လောက်ပျောက်သွားပြီးမှပြန်ပေါ်လာသည်။ဒါပေမဲ့သူ့ရဲ့နောက်ယောင်ခံတဲ့အရည်အချင်းကအရမ်းညံ့လွန်းတော့သူ့ကိုရှန်ယွီကအမြဲတမ်းသတိထားမိနေတော့တာပါပဲ။

သိပ်မကြာခင်ကတောင်အဲ့ဒီဦးလေးကြီးအကြောင်းစုံစမ်းဖို့ခန်းလင်ကိုခိုင်းခဲ့သေးတယ်။အခုလိုမျိုးသူ့ဘာသာသူရှန်ယွီရှေ့မှာပေါ်လာလိမ့်မယ်လို့တော့
လုံးဝမထင်ထားမိခဲ့ဘူး။ဦးလေးကျန်းကလည်းအဲ့ဒီလူကြီးကိုမှတ်မိခဲ့သည်။သူကကားခါးပတ်ကိုခပ်တည်တည်နဲ့ဖြုတ်နေရင်းနောက်မှာထိုင်နေတဲ့ရှန်ယွီကိုပြောလိုက်သည်။

"သခင်လေး ကားထဲမှာပဲစောင့်နေလိုက်ပါ။ကျွန်တော်သွားကြည့်လိုက်ပါ့မယ်။"

ရှန်ယွီကခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

ဦးလေးကြီးကရှန်ယွီကားနောက်မှာပါလာတာကိုမြင်လိုက်တာကြောင့်ကားရပ်လိုက်တာနဲ့သူကရှန်ယွီရှိရာကိုလျှောက်လာခဲ့သည်။ဒါပေမဲ့ရှန်ယွီရှိနေတဲ့ကားပြတင်းပေါက်နားကိုမရောက်ခင်မှာပဲမျက်နှာထားတည်တည်နဲ့ဦးလေးကျန်းကကားပေါ်ကာဆင်းလာတာကိုသူတွေ့လိုက်ရသည်။သူကအရမ်းကြောက်လန့်သွားပြီးခြေထောက်တွေပျော့ခွေသွားကာမြေပေါ်လဲကျတော့မလိုဖြစ်သွားသည်။

ဦးလေးကျန်းကကြောက်လန့်လွန်းလို့တုန်နေတဲ့လူကြီးကိုကြည့်လိုက်သည်။အဲ့ဒီနောက်မှာတော့အနီးနားကပန်းခြံထဲမှာစကားပြောဖို့ထိုလူကြီးကိုအညှာအတာမဲ့စွာဆွဲခေါ်သွားတော့သည်။

ရုတ်တရက်ပေါ်လာတဲ့လူကြီးကအထက်တန်းကျကာနူးညံ့တဲ့ပုံပေါ် ပြီးမျက်မှန်လည်းတပ်ထားခဲ့သည်။သူ့အရပ်ကဦးလေးကျန်းထက်ခေါင်းတစ်လုံးလောက်ပိုနိမ့်နေပြီးဦးလေးကျန်းရဲ့ကြမ်းတမ်းတဲ့အပြုအမူတွေကိုချက်ချင်းပဲကြုံတွေ့နေရသည်။သူကပြဿနာရှာထားမိတဲ့ကလေးတစ်ယောက်လိုခေါင်းကိုငုံ့ထားပြီးဦးလေးကျန်းမေးတဲ့မေးခွန်းတွေကိုပြန်ဖြေနေသည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now