Chapter 18

3K 678 39
                                    

[ Unicode ]

" နန်း​တော်ဆိုတဲ့ ကုံး "

"ငါကြားတာ​တော့ သူ့မိသားစုက ဓါတု​ဗေဒလုပ်ငန်း လုပ်တာတဲ့ "

" ၀မ်းကွဲမိသားစုက သူငယ်ငယ်​လေးထဲက ဆုံးသွားကြပြီ "

" ကျွန်​တော် မီးကို မုန်းတယ် "

ရန်ရိ အင်တာနက်မှာ ပေါင်ရှန်း chemical plant ​ပေါက်ကွဲမှုအ​ကြောင်းရှာကြည့်​တော့ သူကြားခဲ့ရ​သော စကားလုံးများ သူ့စိတ်ထဲ​လွင့်​မြော​လာလျက်။

ထိုအချိန်က အင်တာနက်သည်လည်း သိပ်မတိုးတက်​သေး​တော့ ​ရှာနိုင်တဲ့ အချက်အလက်များများစားစားမရှိ​ပေ။
သို့​သော်လည်း မ​တော်တဆမှုကြီး၏ လှုပ်ခတ်မှုနှင့် ​ကြောက်မက်ဖွယ်ရာမြင်ကွင်းကို ပြဖို့ရာလုံ​လောက်​ပေသည်။
တကယ်​တော့ ရန်ရိ အင်တာနက်မှာ​တောင် ရှာစရာမလို၊
ထိုနှစ်ကအဖြစ်အပျက်ကို သူကိုယ်တိုင် တွေ့ကြုံခဲ့ဖူးပြီး ​ကော်လိပ်မှာလည်း ထိုအမှုကို ခွဲခြမ်းစိတ်ဖြာခဲ့ရ​သေးသည်။
ဒါ​ပေမယ့် အခု​တော့ သူအရင်က အာရုံမထားခဲ့တဲ့ ရှု​ထောင့်က​နေ နားလည်ဖို့လိုလာပြီ။

အချို့အချက်အလက်​တွေ အတည်ပြုပြီး​နောက် ရန်ရိ ဖုခိုင်ကို ​ဖုန်းခေါ်လိုက်ပြီး ပိုင်ဆိုင်မှုအချက်အလက်ကိုစစ်​ပေးဖို့ ​အကူအညီ​တောင်းလိုက်သည်။

ဖုခိုင်ရဲ့ အ​ကြောင်းပြန်ချက်က ရန်ရိရဲ့ ထင်​ကြေးကို အတည်ပြုလိုက်​လေ​တော့၏။

ကုံးမင်ယွီ, လွန်ခဲ့တဲ့ ၁၈ နှစ်က​ပေါက်ကွဲသွားခဲ့​သော ​ပေါင်ရှန်း chemical plant group ရဲ့ chair man က ကုံးရှင့်ရှန်ရဲ့ အ​ဖေဖြစ်သည်။

ရုတ်တရက် ' ကျွန်​တော် မီးကို မုန်းတယ် ' ဆိုသည့် စကားကို​ပြော​နေ​သော ကုံးရင့်ရှန်ရဲ့အေးစက်စက် ​ယောက်ျားဆန်​သည့် အသံက ရန်ရိ စိတ်ထဲ ထပ်ခါ ထပ်ခါ ပဲ့တင်ထပ်လာ၏။
ထိုအချိန်က သူထင်ခဲ့သည်မှာ ကုံးရင့်ရှန်က သူ့ကိုတမင်တကာ စိတ်တို​အောင် လုပ်​နေသည်ဟူ၍။
အခု​တော့ ထိုရိုးရိုးရှင်းရှင်းစကားလုံး​လေး​တွေ ​နောက်ကွယ်က ရင့်နင့်ဖွယ်ရာအဖြစ်အပျက်အ​နေသို့​ ပြောင်းလဲသွားလျက်။

Flame Armor [ 火焰戎装 ]Where stories live. Discover now