Chapter 71

2.9K 698 48
                                    


{ UNICODE }

Wed, Sep 8, 2021

မင်းတို့‌အဆုံးထိဖတ်ပြီးရင် မေ့သွားမှာစိုးလို့ နေရာမှာပဲ note တွေထည့်ပေးထားတယ်၊ မျက်စိမရှုပ်ဘဲ သေချာဖတ်ပေးပါ

========

ကုံးရင့်ရှန်ဖုန်းချပြီး အင်္ကျီထဲက တိုက်ခိုက်ရေးသေနတ်ကို ထုတ်ကာ ခါးနောက်မှာထိုးလိုက်ရင်း၊ ခေါင်းလှည့်ပြီး ထွက်သွားတော့ ရန်ရိလည်း နောက်ကလိုက်သွားသည်။

ကုံးရင့်ရှန်ဖုန်းချပြီး အင်္ကျီထဲက တိုက်ခိုက်ရေးသေနတ်ကို ထုတ်ကာ ခါးနောက်မှာထိုးလိုက်ရင်း၊ ခေါင်းလှည့်ပြီး ထွက်သွားတော့ ရန်ရိလည်း နောက်ကလိုက်သွားသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကုံးရင့်ရှန်က ရုတ်တရက် ကိုယ်ပြန်လှည့်လာပြီး

" ခင်များ အရေးပေါ်ထွက်ပေါက်ကနေ တတ်နိုင်သမျှမြန်မြန် ထွက်သွားတော့ "

" ဟင့်အင်း၊ ငါ လူအုပ်‌ရွှေ့ပြောင်းပေးရမယ် "

ရန်ရိ အတည်အတံ့ပြောလိုက်သည်။

" မင်းဂရုစိုက်ဦး "

ကုံးရင့်ရှန် ရန်ရိကို နင့်နင့်နဲနဲကြည့်လာပြီး

" ခင်များရောပဲ "

ရန်ရိ မေးလိုက်သည်။

" လီဆာ၊ မင်းအခုဘယ်မှာလဲ? "

" ကျွန်မှာ ဒီဘက်ဒုတိယထပ် လက်ရန်းမှာ "

ဒီအဆောက်အဦးရဲ့ ပထမထပ်ဧည့်ခန်းက ဒုတိယထပ်နဲ့ လှေကားဆက်ထားတော့ ဒုတိယထပ်လက်ရန်းကနေ ပထမထပ်တစ်စိတ်တစ်ပိုင်းကို မြင်နိုင်သည်။

ရန်ရိ အဆောင်ထဲက ပြေးထွက်သွားတော့ဆရာဝန်အားလုံးက  ထိတ်လန့်နေတဲ့ လူနာတွေနဲ့ မိသားစုဝင်တွေကို နှစ်သိမ့်ပေး၊ ရွှေ့ပြောင်းပေးနေကြပြီး နေရာမှာ အရမ်းရှုပ်ရှပ်ခတ်နေသည်။

သူ လီဆာကို အမြန်ရှာတွေ့သွားပြီး လီဆာဆီပြေးသွားရင်း အောက်ထပ်ကို လှမ်းကြည့်လိုက်တော့ ဆရာဝန်‌နဲ့လူနာတွေ ဟောခန်းထဲမှာ မလှုပ်ရဲဘဲ ထိုင်နေကြရသည်ကိုသာ မြင်လိုက်ရ၏။ ဟောခန်းထဲက အချက်အလက်စားပွဲတစ်ခု လဲကျနေပြီး စကျင်ကျောက်သားကြမ်းပြင်မှာတော့ သွေးစွန်းနေတဲ့ ချိုင်းခွက်တစ်ခုရှိနေလျက်။ သူထိတ်ထိတ်ပြာပြာ ပြောလိုက်သည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now