Chapter 58

2.6K 606 31
                                    

Sat, Aug 21, 2021

‼️ ဂရုစိုက်ပြီးဖတ်ပေးပါ! ဇာတ်လမ်းရဲ့ရှေ့မှာ ဖြစ်ပျက်မယ့်ကိစ္စတွေရဲ့ အရင်းခံအကြောင်းအရာတွေပါတာမို့ပါ၊ သတိထား‌ဖတ်ပေးပါ ‼️

===========

ရန်ရိ စခန်းပြန်သွားပြီးတော့ အကြီးအကဲကိုကြိုဖို့ အဝတ်အစားလဲရန် အဆင်သင့်‌ဖြစ်နေပြီ။ သို့သော် သူအဆောက်အဦးထဲဝင်ဝင်ချင်း ချွီယန်ပေါ်တားတာ ခံလိုက်ရသည်။

" လာ လာ "

ချွီယန်ပေါ် သူ့ကိုနှုတ်ဆက်ပြီး

" ငါနဲ့ ကားဂိုဒေါင်ထဲ လိုက်ခဲ့ "

ရန်ရိ ချွီယန်ပေါ်လက်ထဲမှာ SLR ( single-lens reflex camera ) နဲ့ ဟိုလုပ်သည်လုပ် လုပ်နေတာကိုကြည့်လိုက်ပြီး :

ရန်ရိ ချွီယန်ပေါ်လက်ထဲမှာ SLR ( single-lens reflex camera ) နဲ့ ဟိုလုပ်သည်လုပ် လုပ်နေတာကိုကြည့်လိုက်ပြီး :

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" မင်းဘာတွေရိုက်နေတာလဲ? "

" ချစ်ရည်ရွှမ်းတဲ့ ဇာတ်ကားတွေလေ "

ချွီယန်ပေါ်က သာမန်ကာလျှံကာ ပြန်ဖြေသည်။

ရန်ရိ ပြုံးလိုက်ပြီး :

" ဒီလိုကိစ္စတွေအတွက် ငါ့ကိုရှာတာမှန်တာပေါ့ "

သူ ကားဂိုဒေါင်ကိုရောက်တော့၊ မီးသတ်လှေကားတစ်ကန့် ဆန့်ထုတ်ထားသည်ကို မြင်လိုက်ရပြီး၊ လီဆာက ထိုကား‌လှေကားမှာ ဇောက်ထိုးတွဲလောင်းချလျက်၊ အောက်က တပ်သားတွေအားလုံး လက်ခုပ်ဩဘာပေးရင်း အော်ဟစ်နေကြသည်။

" ဒါကဘာအတွက်လဲ? "

ရန်ရိ အနည်းငယ်တုန်လှုပ်ကာ ကြည့်လိုက်သည်။

" သူ့ကို ဘယ်သူတက်ခိုင်းတာလဲ? "

" နည်းပြက သူ့ကို video cut တစ်ခုရိုက်ပြီး ကျွန်တော်တို့ weibo ‌မှာတင်မယ်လို့ ပြောတယ် "

Flame Armor [ 火焰戎装 ]Where stories live. Discover now