Chapter 77

2.7K 690 60
                                    

Wed, Sep 16, 2021

{ UNICODE }

ကုံးရင့်ရှန် အသက်ရှူ‌သွင်းလိုက်ပြီး၊ ဓားသွားသဏ္ဌာန်မျက်ခုံးများကို ကျုံ့ကွေးလျက်၊ အချိန်အတော်ကြာသည်အထိ ဘာမှပြောမလာပေ။

ချန်ဖေ့က လုပ်ဇာတ်ဆန်တာတွေနဲ့၊ အဖြစ်မှန်ကို အခြားသူ‌တွေဆီကတစ်ဆင့် ကြားခဲ့တယ်ဆိုတဲ့ အဖြစ်မှန်ပေါ်လာတော့ သူ နည်းနည်းစိတ်ပျက်သွားမိပေမယ့် ဒါကလည်း မျှော်လင့်ခဲ့ပြီးသားပင်။ ချန်ဖေ့ အဲ့ဒီ့အချိန်လောက်က ကလေးအရွယ်သာရှိပြီး အမှုနဲ့ တိုက်ရိုက်ဆက်သွယ်မှု ရှိဖို့ဆိုတာ မဖြစ်နိုင်။

ဘယ်လိုပဲဖြစ်ပါစေ၊ ဘာမှမရှိတာထက်စာရင်တော့ ပိုကောင်းသေးသည်။ ထိုသဲလွန်စတွေက ဆယ့်ရှစ်နှစ်တာလုံး ဖုန်ထဲအမြှုပ်ခံထားရသည်သာဖြစ်ပြီး တကယ်လို့ ဖုံးထားတဲ့မြေဆီလွှာကို ကျောက်ဖြစ်ရုပ်ကြွင်း တူးသလိုမျိုး လှည်းထုတ်မယ်ဆိုရင်တော့ ရှာတွေ့မည်မဟုတ်ချေ။

[ T/n : ကျောက်ဖြစ်ရုပ်ကြွင်းတွေတူးရင် brush လေးနဲ့ မြေမှုန်တွေအသာလှည်းထုတ်တာကိုညပြောချင်တာဖြစ်မယ်၊ နည်းနည်းလေးလုပ်ရုံနဲ့ မရဘူးပေါ့ ]

ချိုးယန်မေးလိုက်သည်။

" ဘာမဆို၊ ဘယ်အသေးစိတ်အချက်အလက်မဆို‌၊ ထပ်ဖြည့်ပြောစရာရှိသေးလား?၊ လျိုသာ့ယုံပြောခဲ့တာကို သေချာပြန်စဉ်းစားကြည့်၊ ဟုန်ယန့်နဲ့ စကားပြောခဲ့တာကို ပြန်စဉ်းစားကြည့်ဦး "

ချန်ဖေ့က ခေါင်းခါပြီး

" ငါအခုတော့ ဘာမှစဉ်းစားလို့မရဘူး "

ကုံးရင့်ရှန် တစ်ခုသတိရသွားသည်။

" ခင်များအခုပဲ အရင်က လျိုသာ့ယုံ သူ့ညီအစ်ကိုနဲ့အတူ ဆီခိုးဖို့သွားတယ်လို့ ပြောတယ်‌လေ၊ သူ့ညီအစ်ကိုအကြောင်း ထည့်ပြောခဲ့သေးလား? "

ချန်ဖေ့ ခဏစဉ်းစားလိုက်ပြီး

" မပြောဘူး "

ရန်ရိပြောလိုက်သည်။

" လျိုသာ့ယုံ ခင်များကို ဒီအကြောင်းပြောတုန်းက သူဘယ်လို ထင်မြင်ချက်ပေးလဲ? သူအဲ့ဒီ့လူကို မီးရှို့သမားလို့ ထင်လား? "

Flame Armor [ 火焰戎装 ]Where stories live. Discover now