Chapter 2

8.3K 1.1K 170
                                    

Translator - Lynx | Editor - Kellow

✗✗✗✗✗✗✗✗✗✗✗✗✗✗

【Unicode Version】

မီးသတ်ဌာန၏ နေ့တဒူဝ လုပ်ရိုးလုပ်စဉ်မှာကား လေ့ကျင့်ခြင်းသာဖြစ်သည်။
ရဲသားများနှင့် အထူးအခွင့်အရေးခံများမှလွဲ၍ တပ်ဖွဲ့တစ်ခုလုံး တစ်နေ့ကို နာရီအနည်းငယ်တော့
လေ့ကျင့်ရေးဆင်းကြရသည်။
နောက်ဆုံး မီးသတ်သတိပေးလုပ်ဆောင်ရေးများ
မရှိလျှင် သူတို့သည်ရဲတပ်ဖွဲ့သားများ အနေဖြင့်တာဝန်ထမ်းဆောင်ကြရပေ၏။
မီးသတ်ကိစ္စများပြီးစီးက တပ်ဖွဲ့သားအနေဖြင့် ဆက်လက်ထမ်းဆောင်ကြရပေဦးမည်။

ဘယ်လိုပဲဖြစ်ဖြစ် အခုတလောအတော်ပူအိုက်လေသည်။
နေကား အပူပြင်းဆုံးအချိန်ရောက်ရှိလာသည့်
အခါမှာတော့ ရန်ရိ လေ့ကျင့်ရေးလစ်လိုက်သည်။ သို့သော် တပ်သားများကတော့ ချွေးသံတရွှဲရွှဲ လုပ်ဆောင်နေကြရဆဲဖြစ်၏။

လေ့ကျင့်ရေး ရေသောက်ရန်နားနေချိန်မှာတော့ အပြင်အစောင့်က လေ့ကျင့်ကွင်းကိုဖြတ်၍အော်လာသည်။

" ခေါင်းဆောင် ဒီမှာခေါင်းဆောင်ကို လူတစ်ယောက်လာရှာတယ် "

ရန်ရိ မျက်လုံးမှေးလိုက်ရင်း တံခါးကိုကြည့်လိုက်သည်။

ထိုအကွာအဝေးမှ သွယ်လျသောမိန်းမငယ်လေးတစ်ယောက် ပန်းစည်းတစ်စည်းကိုကိုင်ထားပြီး အိတ်နှစ်ကိုဆွဲကာ လျင်မြန်စွာလျှောက်လှမ်းလာသည်ကို သူမြင်လိုက်ရ၏။
နေရောင်ထဲ၌ သူမ၏အသားအရည်ကား ဖြူလွှကာ တောက်ပနေပြီး သူမ၏ ponytail¹ လေးကလည်း ခြေလှမ်းတိုင်းမှာလှုပ်ရမ်းနေလေသည်။
ငယ်ရွယ်နုပျိုကာ လှပကျော့ရှင်းသည်။
အဖွဲ့ထဲရှိလူများအားလုံး ခေါင်းလှည့်ကြည့်ရလောက်အောင် ဆွဲဆောင်နိုင်ပေ၏။

ရန်ရိ ပြောလိုက်သည်။
" တင်ချင်း သွားကူယူလိုက်ဦး "

" ဟုတ်ကဲ့ "
တင်ချင်း ပြေးသွားလိုက်ကာ သူမလက်ထဲရှိအရာများကိုယူလိုက်သည်။

မိန်းကလေးသည် ရန်ရိထံအမြန်လျှောက်လာ၏။
သူမ၏ အနက်နှင့်အဖြူစပ်မျက်လုံးဝိုင်းများ ကိုမျက်တောင်ခတ်လိုက်ရင်း ရန်ရိကို အနည်းငယ် ရှက်သွေးဖြန်းစွာကြည့်လာသည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now