Chapter 47

2.6K 652 131
                                    

Tue, Aug 10, 2021

{ Unicode }

ကုံးရင့်ရှန် မျက်စောင်းထိုးပြီး ရန်ရိကိုကြည့်လာသည်။ ကြည့်ရတာ ထိုအချိန် ဘာဖြစ်ပျက်သွားမှန်း သတိပြုမိပုံမရ။

ရန်ရိ မျက်နှာက မီးတောက်သလို ပူပြင်းနေပြီး အရိုင်းဆန်စွာ ရင်ခုန်လျက်၊ ခန္ဓာကိုယ်သည်လည်း ပူလောင်လာသည်။ ကုံးရင့်ရှန်ရဲ့ ရှုပ်ပွပြီး ချွေးစို့နေတဲ့ ဆံဖျားတွေ၊ ရီဝေဝေမျက်လုံးတွေနဲ့ နီရဲကာပြည့်ဖြိုးနေသော နှုတ်ခမ်းသားများက ပုံမှန်အေးစက်စက် စည်းကမ်းကျနသောပုံစံနှင့် ကြီးကြီးမားမားသွေဖယ်ရင်း ဖြားယောင်းသွေးဆောင်မှုအပြည့်ရှိနေသည်။

ရန်ရိ သူ့ခန္ဓာကိုယ်က ပြောင်းလဲမှုကို ‌သတိထားမိမှာစိုး၍ ထဖို့အမြန်ကြိုးစားလိုက်သည်။ သို့ပေမယ့် ကုံးရင့်ရှန်က သူ့လက်မောင်းကို လှမ်းဆွဲပြီး သူ့ခန္ဓာကို‌အလေးချိန်နဲ့ ဖိကာ သံသယရှိသော မျက်လုံးများဖြင့် သူ့ကိုကြည့်လာသည်။

ရန်ရိ အသက်တောင် မရှူရဲ။

" ခင်များ....."

ကုံးရင့်ရှန် တိုးတိုးပြောလာသည်။

" ဘာလို့......အရမ်းကပ်နေတာလဲ? "

" ......အရမ်းကပ်နေတယ်၊ မင်းငါ့ကိုသာလွှတ်ပေးတော့ "

ရန်ရိ ကုံးရင့်ရှန်အားကို ပြန်တွန်းကန်ချင်သည်။ ဒါပေမယ့် ဒီလူက မူးနေပြီးတာတောင် အင်အားအများကြီး ကျန်သေး၏။

" ခင်များနာမည် "

ကုံးရင့်ရှန် ရန်ရိအထက်၌ သူခါးကို ကြောင်တစ်ကောင်ကဲ့သို့ ဆန့်လိုက်သည်။

" အရမ်း‌ကြောင်တာပဲ "

"....."

ကုံးရင့်ရှန် ပူနွေးနွေးရင်ဘတ်က သူ့ကိုလာထိနေကြောင်း ရန်ရိခံစားနိုင်ပြီး ဦးရေပြား ကျဉ်တက်သွားသည်။

" အဲ့တာက ကျွန်တော့်တစ်ဘဝလုံး ကြားခဲ့ဖူးသမျှထဲမှာ အကြောင်ဆုံးပဲ "

ကုံးရင့်ရှန်ပြောပြီး သူ့ဘာသာသူရယ်နေသည်။

" လူယုတ်မာ "

ရန်ရိ ကြိတ်ဆဲလိုက်ပြီး

" ကောင်းပြီ ငါ့ကိုလွှတ်ပေး "

Flame Armor [ 火焰戎装 ]Where stories live. Discover now