Chapter 74

2.7K 694 25
                                    

Sun ,Sep 12, 2021

{ UNICODE }



ရုံခန်းတံခါးဆီခေါ်သွားပြီး ရန်ရိ ထိုင်ခုံကို ညွှန်ပြလိုက်သည်။

" ထိုင် "

နှစ်ယောက်သား စားပွဲ‌မှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ရန်ရိ လီဆာကို ကြည့်လိုက်သည်။

လီဆာရဲ့အကျင့်စရိုက်က ပွင့်ပွင့်လင်းလင်းနဲ့နှိမ့်ချတတ်ပြီး နည်းနည်း ယောက်ျားဆန်သည်။ စခန်းကိုဝင်တဲ့ တစ်ဦးတည်းသောမိန်းကလေးအနေနဲ့ သိသာတဲ့ငြင်းဆန်မှုမျိုး ဘာမှမတွေ့ကြုံရပေ။ ဒါက စစချင်းစိတ်ပူပြီး သံသယဝင်မိတဲ့ ရန်ရိကို စိတ်အေးစေသည်။

သို့သော် ဒီတစ်ခေါက်ဖြစ်ခဲ့တဲ့ကိစ္စက သူမအပေါ်အကျိုးသက်ရောက်မှု မသေးမှာ ‌စိုးရွံ့မိသည်။

ရန်ရိ စကားမပြောခင်၊ လီဆာကအရင်စပြောလာ၏။

" ခေါင်းဆောင်ရန်၊ ကြီးကြပ်ရေးမှူး ကျွန်မကို စကားပြောတယ်၊ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ခြေဖျက်မှုလည်း လုပ်ပြီးပြီ၊ တကယ်တော့ ကျွန်မကို အရမ်းကြီးပုံကြီးချဲ့လုပ်ပေးဖို့ မလိုပါဘူး၊ အဆင်ပြေပါတယ် "

[ T/n : နောက်ပိုင်း ချွီယန်ပေါ်ကို ကြီးကြပ်ရေးမှူးအနေနဲ့ သုံးသွားပါ့မယ် ]

" မင်းခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အာရုံစိုက်ပေးရမှာက ငါတို့တာဝန်ပါ၊ ဘာမှ 'ပုံကြီးချဲ့တာမျိုး' ရှိတယ်လို့မထင်ဘူး၊ မင်း အဲ့ဒီအချိန်က အခြေအနေမျိုးနဲ့ မစွန့်စားသင့်ဘူး၊ အဲ့ဒီ့နောက်ပိုင်းဖြစ်သွားတာက ငါနဲ့ကြီးကြပ်ရေးမှူးကို မင်းအတွက်အရမ်းစိတ်ပူစေတယ် "

ရန်ရိ လီဆာကို စိုက်ကြည့်လိုက်ပြီး

" မင်း အခြေအနေမကောင်းတာ လူတိုင်းမြင်ရတယ်၊ မင်း ငါ့ကို 'အဆင်ပြေပါတယ်' ဆိုတဲ့ စကားမျိုးနဲ့တော့ စိတ်မဖြေပေးစေချင်ဘူး "

လီဆာက ခေါင်းငုံ့ပြီး၊ စကားမပြောဘဲ လက်ချောင်းများကိုသာ ဟိုလုပ်ဒီလုပ် လုပ်နေသည်။

ရန်ရိ ပြောလိုက်သည်။

" သူသေလို့ မင်းကြောက်သွားတာလား? "

Flame Armor [ 火焰戎装 ]Where stories live. Discover now