『Volume 4, Fear』Chapter 73

2.8K 727 38
                                    

Fri, Sep 10, 2021

{ UNICODE }

ဆေးရုံမှာနေရတဲ့ ရက်တွေက ပြီးခဲ့တဲ့နှစ်‌တွေအတောတွင်း ရန်ရိအတွက် စိတ်အပန်းပြေဆုံးနဲ့ အပျော်ရွှင်ဆုံး အခိုက်အတန့်များပင်။

လေ့ကျင့်ရေးမရှိ၊ သင်တန်းမရှိ၊ တာဝန်မရှိဘဲ နေ့တိုင်း ကုံးရင့်ရှန်နဲ့ စကားပြောလိုက်၊ စား‌လိုက်၊ လမ်းထွက်လျှောက်လိုက်နဲ့ ညအိပ်ရာဝင်ချိန်ကျရင်လည်း ရုပ်ရှင်တွေ ကြည့်ကြသေးသည်။

ကုံးရင့်ရှန်က တစ်နေ့လုံးနီးပါး ဖုန်းနဲ့၊ ကွန်ပြူတာနဲ့သာ အလုပ်လုပ်နေဆဲဖြစ်ပေမယ့် ကျန်တဲ့အချိန်တွေကိုတော့ တစ်ယောက်တည်း အချိန်ဖြုန်းတတ်သည်။ ကုံးရင့်ရှန်နဲ့ တတ်နိုင်သမျှ နှစ်ယောက်တည်းအတူနေရဖို့ စခန်းကလူတွေ သူ့ကိုလာတွေ့ရင်တောင် ဆင်ခြေဆင်လက်‌အကုန်သုံးပြီး တတ်နိုင်သလောက် မောင်းထုတ်ပစ်သည်။

ဒီလောက်များပြားတဲ့ ကုံးရင့်ရှန်ရဲ့အချိန်နဲ့ အာရုံစိုက်မှုကို ရန်ရိ အရင်က စိတ်တောင်မကူးခဲ့ဖူးတော့ အခု စက္ကန့်တိုင်းက သူ့အတွက် အရမ်းအရမ်းကို ချိုမြနေသည်။ လူဆိုတာကလည်း နည်းနည်းလေးရရင်တောင် ပိုလိုချင်မိတဲ့ အလိုဆန္ဒရှိတတ်ကြ‌တော့ သူဒီလို နေထိုင်မှုမျိုးမှာ သာယာနေမိပေမယ့် နေ့ရက်ကောင်းလေးတွေ သိပ်မကျန်တော့ဘူးဆိုတာ ထိတ်လန့်လျက်ပဲ နားလည်ခဲ့ရသည်။

ကုံးရင့်ရှန်ကို ပိုင်ဆိုင်ချင်တဲ့အလိုဆန္ဒ ပိုပြင်းထန်လာလေလေ၊ သူထုတ်ပြောဖို့ မဝံ့မရဲဖြစ်လာလေလေပင်။ မထုတ်ပြောဘူးဆိုရင်၊ နေ့ရောညရော သူငယ်ချင်းလို တွဲသွားတွဲလာလုပ်နိုင်ပြီး ထုတ်ပြောလိုက်မယ်ဆိုရင်တော့ ဘာမှမဖြစ်နိုင်လောက်တော့ဘူး။ သူအဲ့ဒီ့အကြောင်း တွေးလိုက်တိုင်း၊ ကြောက်ရွံ့နေမိသည်။

သူ ဖြားယောင်းခံလိုက်ရပြီလို့ ချွီယန်ပေါ် ပြောတာကိုလည်း အပြစ်မတင်၊ သူတကယ်ကို.....ဖြားယောင်းခံလိုက်‌ရလေပြီ။

-------

သူတို့နှစ်ယောက်လုံး မနက်ဖြန်ဆေးရုံဆင်းမှာဖြစ်ပြီး ကောင်းကောင်းမွန်မွန် သက်သာလာကြသည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now