Chapter 91

3K 869 161
                                    

Thu, Oct 7, 2021
5 : 41 p.m.

=====

[ UNICODE ]

ကားထဲဝင်ပြီးတော့၊ ရန်ရိ ကုံးရင့်ရှန်မျက်နှာမှာ နွမ်းနယ်အပြည့်ရှိနေကြောင်း တွေ့လိုက်ရပြီး၊ သူ့မျက်လုံးတွေအောက်မှာလည်း မျက်ရစ်အကွင်းလိုက် ဖြစ်နေသည်။

ရန်ရိမျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" မင်းမတော်တဆမှုပြီးကတည်းက အိပ်ရဲ့လား? "

" ခဏလောက်တော့ မှေးဖြစ်တယ် "

ကုံးရင့်ရှန် ဂရုမထားဘဲ ပြောလိုက်သည်။ ဖျော်ဖြေပွဲအတွင်းဖြစ်ခဲ့တဲ့-- ဇူယန့်ကိစ္စပဲဖြစ်ဖြစ်၊ ရန်ရိကိစ္စပဲဖြစ်ဖြစ်-- သူ့ကိုအိပ်ဖို့ ခက်ခဲအောင် လုပ်နေတာ‌မို့၊ သူအခုချိန်ထိ အလုပ်ပဲ လုပ်နေခဲ့တာဖြစ်သည်။

" ငါမောင်းမယ်၊ ငါခဏအိပ်ထားသေးတာပဲ "

သူတို့နှစ်ယောက် နေရာချင်းလဲလိုက်ကြပြီး၊ ရန်ရိ မြောင်မြောင်ကို ကုံးရင့်ရှန်ပေါ် တင်ပေးလိုက်သည်။

" မင်းခဏတဖြုတ် အိပ်လို့ရတယ် "

" အိပ်မပျော်ဘူး "

ကုံးရင့်ရှန် မြောင်မြောင်ကို ထိတွေ့လိုက်သည်။ " နည်းနည်း ကြီးလာတယ် "

" နေ့တိုင်းစားသောက်နေတာ၊ သေချာပေါက် ကြီးမှာပေါ့ "

ရန်ရိပြောလိုက်သည်။

" ထိုင်ခုံနှိမ့်ပြီး၊ နည်းနည်းနားလိုက်ပါ၊ အိပ်ရေးပျက်တာက မင်းရဲ့တွေးခေါ်နိုင်စွမ်းကို ထိလိမ့်မယ် "

ကုံးရင့်ရှန် ထိုင်ခုံနှိမ့်ချလိုက်ပြီး၊ ခါးအနည်းငယ်ဆန့်ကာ၊ အပေါ်ထပ်အင်္ကျီကို ဇစ်ဖြုတ်ပြီး၊ မြောင်မြောင်ကို သူရင်ဘတ်ထဲ ထည့်ထားလိုက်သည်။

မြောင်မြောင်က ခေါင်းသေးသေးလေး ပြူထွက်လာပြီး၊ ညှောင်ကာ၊ ကုံးရင့်ရှန်ကိုယ်ပေါ် ‌နေရာကျကျလဲလျောင်းလျက်၊ အကြောဆန့်ရင်း၊ ဆက်အိပ်ဖို့ အသင့်ပြင်လိုက်သည်။ ဒီလိုအနွေးထုတ်ကို စိတ်ကျေနပ်တာ သိသာပါ၏။

" သူ ရေဘယ်နှရက်တစ်ကြိမ် ချိုးလဲ? "

ကုံးရင့်ရှန် မြောင်မြောင်ရဲ့ခန္ဓာကိုယ်ကို အပေါ်ထပ်အင်္ကျီကတစ်ဆင့် ပုတ်လိုက်သည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now