Chapter 75🗝️

2.9K 693 91
                                    

Mon, Sep 13, 2021

Key point ပါတယ်၊ သေချာဖတ်ပေးပါ

========

{ UNICODE }

ရန်ရှန့်ရုန် စကားမပြောပေမယ့်၊ ‌ဖြည်းဖြည်းချင်း ရေတစ်ငုံသောက်လိုက်သည်။

ရန်ရိ နောင်တများဖြင့် ပြည့်နေသည်။ သူ့‌အဖေ ကုသရေးစင်သွားဖို့ ငြင်းဆန်မှန်း သူသိသလို၊တစ်ချိန်တုန်းက တောင်တစ်လုံးသဖွယ် ကြံ့ခိုင်တဲ့ဒီလူက ဆုံးဖြတ်ပြီးသားကို ပြန်ပြင်ရိုးထုံးစံမရှိပေ။

သို့ပေမယ့် အစွန်းရောက်လူတွေ ဘာလုပ်ခဲ့တယ်ဆိုတာ မြင်တွေ့ရပြီးနောက် အန္တရာယ်ကင်းရေးအတွက် သူဒီဆုံးဖြတ်ချက်ချခဲ့ရပြီး ခက်ခက်ခဲခဲ ရှင်းပြလိုက်သည်။

" ပြီးတော့ အန်တီဝမ်က သူ့ဇာတိပြန်တော့မယ်၊ ကျွန်တော် အေဂျင်စီကို နာနီအချို့ရှာခိုင်းပေမယ့် စိတ်ကျေနပ်စရာမရှိဘူး၊ အဖေ့ကို စောင့်ရှောက်ဖို့ သင့်တော်တဲ့သူ မရှိမှာစိုးတယ်၊ ကုသရေးစင်တာက အနည်းဆုံး ကျွမ်းကျင်မှု‌တော့ရှိမှာပဲ...."

" ပြောဖို့မလိုဘူး "

ရန်ရှန့်ရုန်က ခပ်ထိုင်းထိုင်းအသံဖြင့် ပြောလာသည်။

" မင်းစိုးရိမ်တာ အကြောင်းပြချက် ခိုင်လုံတယ်၊ အဲ့တော့ ဆက်လုပ်လိုက်ပါ "

ရန်ရိပိုပြီးတောင် စိတ်မသက်မသာဖြစ်လာပြီး

" .... အဖေ၊ ကျွန်တော် တောင်းပန်ပါတယ် "

" ဒီအတွက် တောင်းပန်စရာမရှိပါဘူး၊ မီးသတ်သမားတွေက ရဲတွေ လူဆိုးဖမ်းဖို့ ကူညီပေးတာပဲ၊ တရားမျှတပါတယ်၊ ငါတို့ နေ့တိုင်း မီးငြိမ်းသတ်ရတယ်၊ အဲ့တော့ ဒီလိုအမှောင်ထဲမှာ ပုန်းနေတဲ့ နံနံစော်စော်ကြွက်တွေကို ဘယ်လိုလုပ်ကြောက်မှာလဲ "

ရန်ရှန့်ရုန် ပြောလာသည်။

" ငါကုသရေးစင်တာသွားဖို့ ကတိပေးတယ်၊ ကြောက်လို့မဟုတ်ဘူး၊ ဒါပေမယ့် မင်းအလုပ်လုပ်နေတဲ့အချိန် ငါ့အတွက် မစိုးရိမ်စေချင်ဘူး "

" သိတယ်၊ ကျွန်တော် အကုန်သိပါတယ် "

ရန်ရိ နှာခေါင်းစူးစူးနဲ့ မသက်မသာပြောလိုက်သည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now