Chapter 89

3.2K 809 48
                                    

Tue, Oct 5, 2021
4 : 49 pm

=====

{ UNICODE }

သူတို့ ဆေးရုံရောက်တော့ အရင်က သူတို့ကို ကုပေး‌ဖူးတဲ့ဆရာဝန်က စနောက်လာသည်။

" မင်းတို့က ကျွန်တော်တို့ဆေးရုံရဲ့ VIP တွေဖြစ်တော့မှာပဲ၊ ဆေးရုံဆင်းသွားတာ ရက်နည်းနည်းပဲရှိသေးတယ်၊ ပြန်ရောက်လာပြီ "

ရန်ရိက ခါးသက်သက်ပြုံးပြီး : " ဟုတ်တယ်၊ ဈေးလျှော့ပေးလား? အပြည့်ဈေးလျှော့ပေးတာလား? "

" မင်းတို့ ပိုက်ဆံသုံးစရာ မလိုပါဘူး "

ခန္ဓာကိုယ်စစ်ဆေးမှု အတွဲလိုက်လုပ်ပြီးတော့၊ ညလယ်ခေါင်ပင် ရောက်နေလေပြီ။

အဓိကပြဿနာ ဘာမှမရှိဘဲ၊ ရက်အနည်းငယ်လောက်တော့ ဂရုစိုက်သင့်ပေမယ့် သူတို့နှစ်ယောက်လုံးအတွက် နားနေပြီးအချိန်ဖြုန်းဖို့ မဖြစ်နိုင်ပေ။

ဇူယန့်က လုံးဝရူးနေပြီ။ ဒီတစ်ခေါက် အားကစားရုံကြံစည်မှုက မအောင်မြင်ပေမယ့် သူဘယ်တော့မှ လက်လျှော့မည်မဟုတ်ပေ။ နောက်ဆို ဘယ်လိုရူးသွပ်တဲ့ကိစ္စတွေ လုပ်မလဲဆိုတာ ဘယ်သူသိလိမ့်မလဲ။ သူ့ကို အမြန်နိုင်ဆုံးဖမ်းမိဖို့ သူတတ်နိုင်တဲ့အရာအားလုံး လုပ်ရမည်။

ကုံးရင့်ရှန် ဆေးရုံထဲကထွက်ပြီး၊ စာရွက်တစ်စုံကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။

ရန်ရိသူ့ကို တိတ်တခိုးကြည့်လိုက်ပြီး " မင်းဗိုက်ဆာလား? မင်းလုပ်ချင်...."

" ကျွန်တော် အခင်းနေရာပြန်သွားချင်တယ် "

" အခုလား? "

ရန်ရိ သူ့နာရီကိုကြည့်လိုက်တော့ သုံးနာရီပင် ထိုးတော့မည်။

" ယန်ကျဲနဲ့အခြားသူတွေ အခင်းနေရာမှာ သက်သေစုနေတုန်းရှိသေးတယ်၊ အခုက ရာဇဝတ်သားတွေဖမ်းဖို့ အရေးကြီးဆုံးအချိန်ပဲ "

" အဲ့တာဆို မင်းအနားယူဖို့လဲ အာရုံစိုက်လိုက်ပါဦး "

" ခင်များအဖေ အိမ်မှာမလုံခြုံတော့ဘူး၊ ဇူယန့် ဒီညမဖြစ်မြောက်ခဲ့ဘူးဆိုတော့ သူကျွန်တော်တို့ကို ပြန်ကလဲ့စားချေမှာ အရမ်းဖြစ်နိုင်တယ်၊ မိုးလင်းပြီးရင် ကျွန်တော် သူ့ကိုလာကြိုဖို့ တစ်ယောက်ယောက်လွှတ်လိုက်မယ် "

Flame Armor [ 火焰戎装 ]Where stories live. Discover now