Chapter 83

3.1K 754 101
                                    

Fri, Sep 24, 2021

{ UNICODE }


ရန်ရိ ထိန်းချုပ်ရေးခန်းသို့ အပြေးသွားလိုက်သည်။ လုံခြုံရေးအပြင်၊ စွန်းတင့်ရိ၊ လျိုဟွေး၊ ပွဲကျင်းပရေးမန်‌နေဂျာနဲ့ ရဲတပ်ဖွဲ့ခေါင်းဆောင်ကျန်းကျုံ့လည်း ရှိနေသည်။

" ဘာဖြစ်တာလဲ? "

ရန်ရိ လမ်း‌တစ်လျှောက် သူ့ခံစားချက်တွေကို ပြုပြင်ဖို့ အကောင်းဆုံးကြိုးစားခဲ့သည်။ စွန်းတင့်ရိက အမြဲတမ်းစနောက်ရတာကြိုက်--သူတို့အမြဲတမ်း စနောက်ရတာကြိုက်--ပေမယ့် သူက အလုပ်ကိစ္စမှာတော့ လုံးဝအသေးစိတ်ကျသည်။ သူစွန်းတင့်ရိအသံကနေ အလေးအနက်ထားမှုတွေ ကြားနိုင်၏။

စွန်းတင့်ရိက မောနီတာဖန်သားပြင်ကို လက်ညှိုးထိုးပြလိုက်ပြီး

" ထပ်ဖွင့်လိုက် "

လုံခြုံရေးက pop-up window ကိုဖွင့်ပြီး၊ ရှင်းပြလာသည်။

" ကျွန်တော်ခုနက ဂျူတီဝင်နေတာ၊ ပြီးတော့ ရုတ်တရက် screen အကုန်လုံး အနက်ရောင်ပြောင်းသွားပြီး၊ ဒီလို video မျိုးပေါ်လာတယ် "

Pop-up window က အစမှာ မည်းနက်နေပြီး၊ စက္ကန့်အနည်းငယ်အကြာမှာ၊ သတိပေးခြင်းမရှိဘဲ screen ပေါ်၌ ထူးဆန်းပြီးရယ်စရာကောင်းတဲ့ ငှက်မျက်နှာဖုံးတစ်ခုပေါ်လာသည်!

ရန်ရိနှလုံးတုန်သွားရ၏။ ဒီမျက်နှာဖုံးက ဖြစ်လောက်.....

ကင်မရာက တဖြည်းဖြည်းနောက်ဆုတ်သွားပြီး၊ မြင်ကွင်းအကျယ်ချဲ့လိုက်သည်။ ငှက်မျက်နှာဖုံးတပ်ထားတဲ့သူက အနက်ရောင်ဝတ်ရုံနဲ့ လူတစ်ယောက်ဖြစ်ပြီး၊ ထိုင်ခုံတစ်ခုပေါ်မှာ ခြေဗလာနဲ့ထိုင်နေသည်။ ကင်မရာမြင်ကွင်းထဲမှာ ဘာမှမရှိပေမယ့် လူရယ်၊ ထိုင်ခုံတစ်လုံးရယ်၊ အမှောင်ထုရယ်သာ ရှိနေသည်။

ရုပ်ပုံက အလွန်ကိုထူးဆန်း၏။

" ဒေါက်တာကုံး၊ ခေါင်းဆောင်၊ မင်္ဂလာပါ "

ထိုလူ စကားပြောလိုက်တော့၊ သူ့အသံက ပိုပြီးကြက်သီးထစရာကောင်းအောင် ပြောင်းလဲထားသည်။

ရန်ရိ screen ကိုပဲကြည့်နေရင်း၊ တစ်ကိုယ်လုံး မတ်မတ်ရပ်ထားသည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now