『Volume Ⅰ, HAPPY』Chapter 1

17K 1.3K 30
                                    

Translator - Lynx, Kellow
Editor - Lynx

⇛⇛⇛⇛⇛⇛⇛⇛⇛

【Unicode Version】

နွေလယ်ခေါင် ဇူလိုင်လ... လောကကြီးတစ်ခုလုံးက ပူလောင်လို့နေသည်။ မြို့အပူချိန်က ၄၀ဒီဂရီနားထိတောင်ကပ်လာပြီ။

ကန်တင်းသေးသေးလေးထဲမှာတော့ အဲလ်ကွန်းဖွင့်ထားပြီး တံခါးတွေ၊ပြတင်းပေါက်တွေအားလုံးအလုံပိတ်ကာ လောကကြီးရဲ့ အပူဒဏ်ကို ကာဆီးထားရသည်။ စားပွဲတစ်ဝိုင်းစီမှာ ပုံစံတူဟင်းပွဲခြောက်ပွဲရယ် စွတ်ပြုတ်တစ်ပန်းကန်စီရယ်နှင့်။ ပါတဲ့ထမင်းဟင်း ပမာဏလည်းများတယ် အသားကလည်း လုံလောက်ပါပေသော်ငြား သူတို့အများစုက တုတ်တုတ်တောင်မလှုပ်ကြ။ အကြောင်းမှာ သူတို့အကြည့်တွေက ဥရောပဖလား အထူးပွဲစဥ်လာနေသည့် တီဗီဖန်သားပြင်ဆီမှာသာ ရောက်နေကြသောကြောင့်။

"ဝင်...ဝင်...အိုး၊ ငါတော့သွားပြီ!"

"ငါပြောမယ် အဲ့ပြင်သစ်က ဒီနှစ် ဖြစ်ဖြစ်မြောက်မြောက်မလုပ်...မလုပ်......"

ဥဩဆွဲသံက ရုတ်တရက်ကျယ်လောင်စွာ ထွက်လာပြီး သုံးထပ်ဆောင်တစ်ဆောင်လုံး နေရာတိုင်းကနေ အကြာကြီးဆွဲမြည်နေတော့သည် ။
တူကို စားပွဲပေါ်ချလိုက်တဲ့အသံတွေနဲ့အတူ အခန်းထဲကလူတွေအားလုံးတစ်ညီတည်းမတ်တပ်ရပ်ပြီးနောက် အောက်ထပ်ကို တစ်ဟုန်ထိုးဆင်းပြေးကြတော့သည်။

ရှေ့ဆုံးကဦးဆောင်သွားတဲ့ အရပ်ရှည်ရှည်နဲ့လူက အော်ပြောသည်

"နောက်ဆုံးတစ်ယောက်က အဲကွန်းပိတ်ခဲ့ဟေ့"

"သွား၊သွား! ငါတို့အဖွဲ့အဆူခံရမယ်!"

ရန်ရိ နားမထောင်ဘဲ သူ့ခြေတံရှည်တွေနှင့်ကဆုန်ပေါက်ပြီး လှေကားကို စက္ကန့်ပိုင်းလေးနှင့်ဆင်းသွားလိုက်သည်။ အဲ့နောက် အားလုံးက ကားဂိုဒေါင်ကို သွားကာ မီးသတ်ဝတ်စုံကို လေ့ကျင့်ထားတဲ့အတိုင်း သပ်သပ်ရပ်ရပ်နှင့်ဝတ်လိုက်သည်။

သတင်းပေးဂျူတီကျတဲ့တစ်ယောက်က ရန်ရိဆီပြေးလာပြီး

"အဖွဲ့ခေါင်းဆောင်ရန်၊ ချန်းရှင်း ဈေးဝယ်စင်တာ ငါးထပ်မြောက်မှာရှိတဲ့ ကော်ဖီဆိုင်မှာ မီးလန့်တာတဲ့။ ရဲဖက်က အခုပဲသတင်းပေးလာတယ်။"

Flame Armor [ 火焰戎装 ]Where stories live. Discover now