Chapter 31

2.1K 511 20
                                    

[ Unicode ]

" ကုံး၊ ဒေါက်တာကုံး  "

ရန်ရိ စိုးရိမ်တကြီး မေးလိုက်သည်။

" ‌မင်း အဆင်ပြေရဲ့လား? "

သူနောက်လှည့်ချင်ပေမယ့် ကုံးရင့်ရှန် လက်တွေနဲ့ တင်းတင်းကြပ်ကြပ် အချုပ်ခံထားရပြီး သူအသားက‌နေ ဖြတ်စီးလာတဲ့ တုန်ယင်မှုက သူ့ကိုအံ့အားသင့်စေသည်။

ကုံးရင့်ရှန်ရဲ့ မြန်ဆန်သော အသက်ရှူငွေ့များက သူ့လည်ပင်ကြားမှာ လာဟပ်နေပြီး၊ သူ ရေခဲတုံးအလား တောင့်ခဲသွားပေမယ့် မထိန်းချုပ်နိုင်သော တုန်ခါမှုက သူနှလုံးခုန်နေသေးကြောင်း သက်သေတည်သည်။

သူ့(ကုံးရင့်ရှန်) အသား၊ အရိုး၊ သွေးတွေနဲ့ မှတ်ဉာဏ်တွေအားလုံးက သူမီးနားကပ်သွားတုန်းက ခံစားချက်ကို ပြန်အသက်သွင်းနေပြီး၊
သူ့လည်ပင်းကို ဓားလျှာဖြင့်လျက်နေသည့်အလား၊
စူးရှ‌သောမြှားတစ်စင်း သူ့နား,ဘေးက ပွတ်ဖြတ်သွားသည့်အလား၊
သူ့ပခုံးများကို မကောင်းဆိုးဝါးက လက်ကမ်းနေသည့်အလား၊
သူ ရန်ရိကို ဆယ့်ရှစ်နှစ်တာအတွက် အသက်ကယ်ကောက်ရိုးမျှင်တစ်ချောင်းကဲ့သို့ ‌‌ဖမ်းဆွဲထားသည်။
သူ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အပူချိန်ကို မထိတွေ့ဖူးခဲ့ပေ၊
ပြီးတော့ သူ့ကို အိမ်မက်ဆိုးက ကာကွယ်ပေးတဲ့ခံစားမှုမျိုး ပေးနိုင်လိမ့်မယ်လို့လည်း မထင်ခဲ့ပါပေ။

သူလက်မလွှတ်နိုင်ဘူး၊ သူလက်လွှတ်လိုက်ရင် မီးတောက်တွေထဲကျသွားပြီး မီးလောင်ပြာကျသွားမှာ သူကြောက်တယ်။

ရန်ရိ အသက်ပြင်းပြင်းရှူပြီး ညင်ညင်သာသာလေး ပြောလိုက်သည်။

" ဒေါက်တာကုံး၊ အဆင်ပြေပါတယ်၊ ငါတို့ မီးနဲ့ဝေးသွားပြီလေ၊ ပြီးတော့ မီးက မင်းကို နာကျင်အောင်မလုပ်နိုင်တော့ပါဘူး "

ကုံးရင့်ရှန်က အသံတိတ်နေသည်။

" ငါ့ကိုယုံပါ၊ ငါဒီမှာရှိတယ်၊ အဲ့မီးတွေ မင်းကို ထိခိုက်အောင်လုပ်လို့မရဘူး "

ရန်ရိ ကုံးရင့်ရှန်လက်တွေကို ဖွဖွလေး ပွတ်သပ်ပေးလိုက်ပြီး

" မင်းငါ့ကို လွှတ်လို့ရပြီလေ ငါမသွားပါဘူး၊ မင်းနဲ့နေပေးမှာ "

Flame Armor [ 火焰戎装 ]Where stories live. Discover now