Chapter 78

2.2K 629 51
                                    

Fri, Sep 17, 2021

{ UNICODE }


ဗုဒ္ဓဟူးနေ့ညနေမှာ၊ ကုံးရင့်ရှန် ရန်ရိကို စခန်းလာခေါ်ပြီး၊ နှစ်ယောက်သား ဆေးရုံသို့ မောင်းသွားလိုက်၏။

ဒီပုဂ္ဂလိကဆေးရုံက ဖီးနစ်စခန်းနဲ့ 20 ကီလိုမီတာနီးပါးလောက် ဝေးသည်။ လမ်းတစ်လမ်းပဲကူးပြီး အိမ်ပြန်လို့ရတဲ့ အဆင်ပြေသက်သာမှုနဲ့တော့ သဘာဝအတိုင်း နှိုင်းယှဉ်လို့မရပေမယ့် အရမ်းကြီးမဝေးပေ။

လမ်းမှာ၊ ရန်ရိ သူတို့လျိုသာ့ယုံကို စုံစမ်းစစ်ဆေးတဲ့အကြောင်း မေးလိုက်သည်။

" သူ့သားနဲ့ ဝမ်းကွဲတစ်ယောက် ရှာတွေ့တယ်၊ ပြီးတော့ စုံစမ်းစစ်ဆေးရေးလည်း ရှေ့ဆက်သွားနေတယ်၊ သူ့ဝမ်းကွဲက အရင်ကသူနဲ့ ဆီအတူခိုးခဲ့ပေမယ့် လျိုသာ့ယုံထောင်ကျတဲ့အချိန်မှာ ဘာလို့သူရော အဖမ်းမခံရလဲဆိုတာ မသိဘူး၊ ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်၊ ကျွန်တော်တို့ အရင်ကဖြစ်ခဲ့တာတွေကို တရားမစွဲဖို့ ကတိပေးလိုက်တော့ သူလည်းအဲ့ဒီ့ကိစ္စမှတ်မိတယ်လို့ ဝန်ခံလာတယ် "

" သူဘယ်လောက်မှတ်မိလဲ? "

" တကယ်ကျတော့လည်း ဆယ့်ရှစ်နှစ်အလွန်ကဆိုတော့ အကန့်အသတ်ရှိတယ်၊ ကျွန်တော်တို့ သူ့မှတ်မိအောင် လမ်းပြပေးတယ်၊ သူကျွန်တော်တို့ကို ဘယ်ဓာတ်ဆီဆိုင်လဲဆိုတာ ပြောပြပေမယ့် ဓာတ်ဆီဆိုင်က ပျောက်ချင်းမလှပျောက်သွားပြီ "

ကုံးရင့်ရှန်က ရှေ့ကိုစိုက်ကြည့်ရင်း

" ကျွန်တော်တို့ အဲ့ဒီ့နှစ်က ယာဉ်မှတ်တမ်းတွေ၊ CNPC ရဲ့ ဝန်ထမ်းမှတ်တမ်းတွေ၊ ဖြစ်နိုင်တဲ့ သဲလွန်စမှန်သမျှကိုလည်း ရှာကြည့်ခဲ့တယ် "

[ T/n : CNPC - China National Petroleum Corporation ]

" လျိုသာ့ယုံပြောတဲ့ ‌ပုံးက ကျွန်တော်စုဆောင်းထားတဲ့ ပြတိုက်ခန်းထဲမှာ ရှိလောက်တယ်၊ အနည်းဆုံး ဓာတ်ပုံတော့ရှိလောက်မယ်၊ အဲ့တုန်းက ကျွန်တော် စုတ်ချက်တွေကို အာရုံမထားမိဘူး၊ ပြန်သွားကြည့်ရမယ် "

" နှစ်သစ်ကူးနေ့ပြီးရင်၊ ငါတို့ဟိုးအရင်က သဲလွန်စတွေပါစုပြီး၊ မီးသုံးသပ်ရေးပြန်လုပ်မယ် "

Flame Armor [ 火焰戎装 ]Donde viven las historias. Descúbrelo ahora