Chapter 80 💙

3K 751 101
                                    

Mon, Sep 20, 2021


{ UNICODE }


နှစ်သစ်ကူးအကြိုနေ့။

ဒီနေ့က အလုပ်များကာ ပင်ပန်းရတဲ့နေ့ဖြစ်ရန် အကြောင်းဖန်လာခဲ့ပြီး၊ ဒီနေ့ကုန်ဆုံးနိုင်မယ့် ညလယ်ခေါင်အထိ ကျင်းပရမည်ဖြစ်သော ဖျော်ဖြေပွဲတစ်ခု မရှိခဲ့လျှင်ပင်၊ ‌ပိတ်ရက်ကြီးဆိုကတည်းက မီးသတ်ဌာနအဖို့ အမြဲတမ်းလိုလို တာဝန်ထွက်ချိန် အမြင့်မားဆုံးဖြစ်သည်။

အဲ့တာကြောင့် ရန်ရိ ဒီနေ့‌လေ့ကျင့်ချိန်ဖျက်ပြီး၊ အားလုံးကို ကောင်းကောင်းအိပ်စက်ကာ အားအင်ဖြည့်တင်းစေလိုက်သည်။

နေ့လယ်စာစားချိန်နီးတော့ မီးဖိုချောင်မီးလောင်တယ်ဆိုတဲ့ အချက်ပေးသံထွက်ပေါ်လာပြီး၊ ကောင်းကယ်က အဖွဲ့ကိုဦးဆောင်သွားသည်။

နေ့လယ်ပိုင်းမှာတော့ ရန်ရိက ဒုတိယတပ်ဖွဲ့နဲ့ တတိယတပ်ဖွဲ့ကို အစည်းအဝေးခေါ်ကာ တာဝန်ခွဲပေးခြင်း၊ လုပ်အားသေချာခန့်ခွဲခြင်းတို့လုပ်ပြီး၊ ဟုန့်လင်အားကစားကွင်းဆီ တပ်ထွက်သွားလိုက်ကြ၏။

ဖျော်ဖြေပွဲက ညရှစ်နာရီမှာ တရားဝင်စတင်မည်ဖြစ်ပြီး ညနေခြောက်နာရီမှာ လူတွေတစ်ယောက်ပြီးတစ်ယောက် ပွဲကျင်းပရာသို့ ဝင်ရောက်ကြမှာဖြစ်သည်။ လူစီးဆင်းမှုဖိအားကို ခြေဖျက်ဖို့ အဓိကဝင်ပေါက်အပါအဝင်၊ အပိုတံခါးနှစ်ပေါက်ပါ ဖွင့်ထားပြီး၊ ဧည့်သည့်‌များကတော့ မြေအောက်ကားပါကင်ကနေ ပွဲကျင်းပရာသို့ တိုက်ရိုက်ဝင်ရောက်ကြမည်ပင်။

ဌာနချုပ်က သူတို့ကိုကူညီဖို့ ဝမ်းမုန်ရဲ့ လော်ရှန့်တပ်ဖွဲ့ကို စေလွှတ်လိုက်သည်။ လော်ရှန့်စခန်းက သူတို့နဲ့အနီးဆုံးဖြစ်သလို၊ မကြာခဏဆိုသလို တာဝန်အတူထမ်းဆောင်ကြရသည်။

ရန်ရိနဲ့ ဝမ်းမုန်တို့ အားကစားရုံ အပြင်ဘက်မှာရပ်ရင်း၊ ဝန်ထမ်းတွေ အပြေးအလွှား ဝင်ထွက်နေတာကို ကြည့်နေသည်။ အခုမှ နေ့လယ်နှစ်နာရီပဲရှိသေးပြီး၊ အားကစားရုံအပြင်မှာတော့ လူတန်းတစ်တန်းရှိနေပြီဖြစ်ကာ အများစုကတော့ မိန်းမငယ်လေးများပင်။

ဝမ်းမုန်က စီးကရက်တစ်လိပ်ထုတ်ပြီး ရန်ရိကိုကမ်းပေးလာတော့၊ ရန်ရိ လက်ယမ်းပြလိုက်သည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now