Chapter 28

2.3K 512 24
                                    

[ Unicode ]

ရန်ရိနဲ့ ချီရှောင်း တစ်ခုခုအရင်စားပြီး ရုပ်ရှင်ကြည့်ကြသည်။ ညကျတော့ သူတို့သွားနေကျဘားကို သူငယ်ချင်းနည်းနည်းစီ ထပ်ခေါ်လိုက်သည်။

တကယ်တော့ ရန်ရိ သောက်ရတာကြိုက်သည်၊ သူ အရက်အများကြီး မသောက်ပေမယ့်လည်း အလုပ်ချိန်မှာ သောက်တာကို တင်းတင်းကြပ်ကြပ် တားမြစ်ထား၏။ အားလပ်ရက်ရဖို့လည်း ရှားတော့ ထုံးစံအတိုင်း အပန်းဖြေဖို့လိုသည်လေ။

ညလယ်ခေါင်ထိ သောက်ကြပြီးတော့ ပါရမီရှင်အုပ်စုလည်း တစ်ဖြည်းဖြည်း လူစုကွဲသွားသည်။
ရန်ရိ အများကြီးသောက်ထားသော်လည်း ခြေ‌မြဲအောင်တော့ ရပ်နိုင်သေး၏။ ချီရှောင်းကတော့ သူ့ကို ယိုင်တိယိုင်ထိုးနဲ့ တွဲခိုထားသည်။

ကားဆီကို လျှောက်သွားရင်း ရန်ရိ လက်တစ်ဖက်ကိုဆွဲဖြည်ကာ သူ့ဖုန်းကိုထုတ်လိုက်သည်။

" ခဏလေး ကိုယ် Driver ခေါ်လိုက်ဦးမယ် "

ချီရှောင်းက ရန်ရိလည်ပင်းကို သိုင်းဖက်ရင်း ခေါင်းမော့ကာ သူ့နှုတ်ခမ်းနွေးနွေးလေးနဲ့ ရန်ရိကို ခပ်ဖွဖွ နမ်းလာသည်။

ရန်ရိ သူ့(ချီရှောင်း) ခါးကိုဖက်လိုက်ပြီး ဝါးတားတားပြောလိုက်သည်။

" ကောင်းပြီ အိမ်အရင်ပြန်ရအောင် "

ချီရှောင်း ရန်ရိကို ရီဝေဝေမျက်လုံးများဖြင့်ကြည့်လာပြီး ခပ်တိုးတိုး ပြောသည်။

" ကောက အရမ်းကောင်းတယ် အရမ်းအရမ်းကို ကောင်းတယ် "

" အင်းပါ ကိုယ်သိတယ် "

ရန်ရိ ပြုံးလိုက်ပြီး

" မင်းဘာဖြစ်လို့လဲ? "

" တကယ် ကျွန်တော် အစ်ကိုနဲ့ အတည်ဖြစ်ချင်တယ် "

ချီရှောင်း မူးကြောင်ကြောင်နဲ့ပြောလာသည်။

" ဒါပေမယ့် ကျွန်တော် ခံစားရတယ်.... ကျွန်တော်က ဘာမှမဟုတ်သလိုပဲ နာမည်လည်းမကြီးဘူး၊ ပိုက်ဆံလည်းမရှိဘူး၊ အဲ့တာကြောင့် ကျွန်တော်က ချစ်ဖို့ အဆင့်မမီဘူး "

ရန်ရိ နှစ်သိမ့်ပေးလိုက်သည်။

" မင်းက နှစ်ဆယ်သုံးနှစ်ပဲ ရှိသေးတာ၊ ဘာလို့လောနေတာလဲ? မင်းတကယ်ကို နာမည်ကြီးလာမှာပါ "

Flame Armor [ 火焰戎装 ]Where stories live. Discover now