Chapter 72

2.6K 727 68
                                    

Thu, Sep 9, 2021

{ UNICODE }


လီဆာ ရင်ဘတ်ထဲမှာ box အကြီးကြီးပိုက်ထားတဲ့ လျေပေါ်ချင်းကို ကြည့်လိုက်သည်။ အပြင်ပန်းကကြည့်ရင် စာပို့ဖာနဲ့ တူပေမယ့် အထဲမှာ ပုန်းကွယ်နေတဲ့အရာကတော့ ဘယ်တော့မှ လွတ်မြောက်ခွင့်မပေးသင့်သော လူသားစားမိစ္ဆာပင်။

သူမနှလုံးက drum လိုပဲ ‌သိမ့်သိမ့်ခုန်နေသည်။

လျေပေါ်ချင်းနောက်မှာရှိတဲ့ ခွေးခြေက တကယ်တော့ ပထမထပ် ယာယီစောင့်ကြည့်ခန်းထဲက သစ်သားခွေးခြေဟောင်း တစ်ခုဖြစ်သည်။ လီဆာ အချိန်တိုင်းဆိုသလို လျေပေါ်ချင်းကို ‌ခိုးခိုးကြည့်ရင်း ခုံဆီလျှောက်သွားပြီး တမင်တကာ မ,မတဲ့ပုံဟန်ဆောင်၍ လက်နှစ်ဖက်ဖြင့်ကိုင်လျက်၊ နောက်ကို တစ်လှမ်းချင်း ဆုတ်သွားလိုက်သည်။

လျေပေါ်ချင်းက သူ‌နှေးနှေးကွေးကွေးလုပ်နေတာကို စိတ်တိုသွားပုံရ၏။

" မြန်မြန်လုပ်စမ်း! "

လီဆာ အသက်ဝဝရှူကာ စုန့်ယွမ့်ကျောင်ကို မျက်စိမှိတ်ပြလိုက်ပြီး ရုတ်တရက် ပြတင်းပေါက်အပြင်ဘက်ကို ထိတ်လန့်နေတဲ့အမူအရာဖြင့်ကြည့်ရင်း ထိုင်ခုံကို ကြမ်းပြင်ပေါ် အသံကျယ်ကြီးနဲ့ လွှတ်ချလိုက်သည်။

ရန်ရိ ဖုန်းထဲကနေ လှမ်းအော်လိုက်သည်။

" အခုပဲ! "

လျေပေါ်ချင်း ခဏနောက်တွန့်သွားပြီးနောက် အလိုအလျောက်တုံ့ပြန်မှုဖြင့် ခေါင်းကို ပြတင်းပေါက်ကနေ နည်းနည်းပြူထွက်ကြည့်ချင်သွားသည်။ တကယ်တော့ ရဲကားတွေနဲ့၊ ရဲတွေအားလုံး ဆေးရုံအပြင်ဘက်မှာပဲ ရှိနေကြသေးသည်။ သို့သော် အလိုအလျောက်တုံ့ပြန်မှုက နောက်တစ်ခဏမှာပဲ သူ့အကြောင်းပြချက်ကြောင့် ရုတ်ခြည်းဆိုသလို ရပ်တန့်သွားတော့၏။

လီဆာနဲ့ စုန့်ယွမ့်ကျောင်တို့ တစ်ပြိုင်ထဲ ကြမ်းပေါ်လှဲချပြီး အော်လိုက်သည်။

" ဝပ်နေ! "

တုံ့ပြန်မှုမြန်တဲ့ ဓားစာခံက ခေါင်းကိုလက်နဲ့အုပ်ရင်း ဝပ်ချလိုက်သည်။

လျေပေါ်ချင်း အသိစိတ်ပြန်ဝင်လာပြီး ရုတ်တရက် ဒေါသကြောင့် မျက်နှာရှုံ့တွသွားလျက်၊ ဗုံးကိုမြှောက်ပြီး ပစ်ပေါက်မလို့ လုပ်လိုက်သည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now