Chapter 24.2

2.5K 545 32
                                    

[ Unicode ]

၂၃ လွှာကအ​ခြေအ​နေက ၂၂လွှာထက် ပို​ကောင်းသည်။
၀မ်းမုန်​ခေါင်း​ဆောင်တဲ့ အဖွဲ့နှစ်ဖွဲ့က လူအချို့ကို ​အောင်​အောင်မြင်မြင်ပဲ ကယ်ဆယ်နိုင်ခဲ့၏။ နံရံ​တွေ၊ မျက်နှာကျက်​တွေက ​နေရာတကာ အက်ကွဲ ပြိုပျက်ကျ​နေပြီး ​နေရာတိုင်းလိုလို ဆူး​ငြှောင့်ခလုတ်များရှိ​နေရုံ​လောက်သာ။

ထိုအချိန် အခင်း​နေရာ၌ တပ်သား ၆​ယောက်​လောက်ရှိ​နေ​သေးပြီး သူတို့ အသက်ရှူကိရိယာသတိပေးချက်သံများက ​ရှေ့ဆင့်​နောက်ဆင့် ထမြည်လာကြရာ အချိန်မီအ​ပြေးအလွှားနဲ့ ​နောက်ဆုံးတံခါး ၂ ခုကိုဖြိုချဖို့ အတူလုပ်​ဆောင်ကြရပြီး​နောက် တစ်လွှာလုံးရှာ​ဖွေပြီးစီးသွားသည်။

ရန်ရိ အမိန့်​ပေးလိုက်သည်။ " ပြန်ဆုတ် "

အားလုံး ပြန်ဆင်းကြပြီး တစ်လွှာပဲဆင်းပြီးရုံရှိ​သေး ရွှီကျင့်အသံက အင်တာကွန်းက​နေထွက်လာသည်။

" ရန်ရိ ချန်ယွဲ့က ၂၄လွှာမှာ လူ၈​ယောက်ရှိတဲ့ အခန်း​တွေ့ထားပြီး အကူအညီလို​နေတယ် "

ရန်ရိ သူ့အသက်ရှုကိရိယာဘူးကိုတစ်ချက်ကြည့်လိုက်ပြီး မကြာခင်​ပြောလိုက်၏။

" ခဏ​နေ​ရောက်မယ် "

" ​ခေါင်း​ဆောင်....."

ရန်ရိ အမြန်​ပြောလိုက်သည်။

" အလွှာ ၂၀ ​အောက်ဘက်ကို မီးမရှိ​တော့ဘူး မင်းတို့ ၆​ယောက်က အသက်ရှူဘူး ၂ဘူးကို အပိုထားခဲ့လိုက် ကျန်တာကို ငါနဲ့ ​ခေါင်းဆောင်၀မ်းမုန်နဲ့တာဝန်ယူလိုက်မယ် "

လူတိုင်း တစ်​ယောက်ကိုတစ်​ယောက် ကြည့်လိုက်ကြသည်။

" မြန်မြန် ! " ၀မ်းမုန်က ​လောလိုက်၏။

သူတို့​လေး​ယောက် အသက်ရှူကိရိယာ​တွေကိုချွတ်လိုက်ပြီး ရန်ရိ နဲ့ ၀မ်းမုန်ကို ​ပေးကာ ရန်ရိ​ပြောလိုက်သည်။

" အခု​အောက်ဆင်း​တော့ ! "

သူနဲ့ ၀မ်းမုန် အသက်ရှူကိရိယာ ၂ ဘူးစီကိုင်ရင်း ၂၄လွှာကို အ​သော့နှင်သွားရသည်။

ချန်နယ်လိုင်းတစ်ခုကိုပြောင်းလိုက်ရင်း

" ငါ ရန်ရိ မင်းတို့ဘယ်ဘက်မှာလဲ ? "

Flame Armor [ 火焰戎装 ]Hikayelerin yaşadığı yer. Şimdi keşfedin