Chapter 99 🤍

3.9K 871 63
                                    

Sun, Oct 17, 2021

=====

[ UNICODE ]

ကုံးရင့်ရှန် ကားတံခါးကို ခက်ခက်ခဲခဲဖွင့်ပြီး၊ ရန်ရိကို ကားနောက်ခုံထဲ သွင်းလိုက်သည်။ ရန်ရိက လေးလေးတွဲတွဲ လှဲအိပ်ရင်း၊ မျက်လုံးတစ်ဝက်ဖွင့်ကာ ကုံးရင့်ရှန်ကို ကြည့်လာသည်။

" မင်း.....ငါ့ကိုအိမ်လိုက်ပို့မှာလား? "

သူစဉ်းစားကြည့်တော့လည်း၊ ထိုနည်း၎င်းပင် သေချာမမြင်ရဘဲ၊ "အိမ်ပြန်မယ်" ဆိုတာကိုပဲ မှတ်မိနေသည်။

" ဟုတ်တယ် "

ကုံးရင့်ရှန် ရန်ရိကို ခါးပတ်ကြိုးတပ်ပေးလိုက်ပြီး၊ သူ့အနွေးထည်ကို ချွတ်ကာ၊ လုံး၍၊ ရန်ရိခေါင်းအောက် ခံပေးလိုက်သည်။

" ခဏနေရောက်မှာ၊ ခင်များအိပ်လို့ရတယ် "

ရန်ရိ ကုံးရင့်ရှန်အသံကို နူးညံ့ညင်သာတယ်လို့သာ ခံစားရပြီး၊ မှိန်ပျပျအလင်းရောင်ထဲမှာ သူ့မျက်နှာကို သေချာမမြင်ရပေမယ့်၊ အလွန်ညင်သာနေမယ့်ပုံပင်။ နေမကောင်းချိန် ဒီလိုအပြုစုခံရတာ ကောင်းပါ၏။

သူအေးအေးလူလူ မျက်စိမှိတ်လိုက်သည်။

ကုံးရင့်ရှန် ရန်ရိကိုလှမ်းကြည့်ပြီး၊ ကားတံခါးကို ညင်ညင်သာသာပိတ်၍၊ ယာဉ်မောင်းထိုင်ခုံသွားကာ၊ မောင်းထွက်လိုက်သည်။

ဒါက မြို့တော်ရဲ့အစိတ်အပိုင်းငယ်လေးကို ပေါင်းကူးထားသော ရန်ရိအိမ်နဲ့ အလှမ်းဝေးပြီး၊ သူအိမ်ရောက်တော့၊ မိုးသောက်နေလေပြီ။

ရန်ရိက အိပ်ပျော်သွားပြီဖြစ်ကာ၊ ကုံးရင့်ရှန် တံခါးဖွင့်ပြီး၊ ကြီးမားသော ခွန်အားဖြင့် ရန်ရိကို နောက်ခန်းခုံဆီက ဆွဲထုတ်လိုက်တော့၊ ပိုပြီးပြင်းပြင်းထန်ထန် ပူကျစ်နေလျက်၊ သတိလစ်တော့မည့်ဆဲဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူရန်ရိကို စိတ်အားထက်သန်စွာ ပွေ့ချီရင်း၊ အပေါ်ထပ် အမြန်တက်သွားလိုက်သည်။

ရန်ရိအိမ်ရှေ့မှာ စောင့်နေသူတစ်ဦးရှိပြီး၊ ၎င်းက ကုံးရင့်ရှန်ရဲ့ မိသားစုဆရာဝန်ပင်။ သူ့ခြေထောက်နားမှာ ပုံးကြီးနှစ်ခု-ဆေးပုံးနှင့် အပူခံပုံးတို့ရှိသည်။ သူအရမ်းအိပ်ချင်နေတာကြောင့် မကြာမကြာသမ်းဝေနေသေး၏။

Flame Armor [ 火焰戎装 ]Where stories live. Discover now