Chapter 11

3.2K 819 62
                                    

Translator - Lynx

____________

[ Unicode ]

​နောက်တစ်​နေ့၌ မီးစုံစမ်းစစ်​ဆေး​ရေးဌာန ဓါတ်ခွဲခန်းမှ ရလဒ်များထွက်လာသည်။

အခင်း​နေရာတွင် ကုံးရင့်ရှန်​တွေ့ခဲ့​သော ဖန်စ​လေးက သူမှန်းထားသကဲ့သို့ပင် အရက်ပြန်မီးခွက်မှ ဖြစ်​နေ၏။

ရန်ရိ ချိုး၀မ်ကို အစီရင်ခံစာ copy အား ဟုန်းဝူဌာနသို့ ပို့ရန် ပြောလိုက်ပြီး​နောက် ကုံးရင့်ရှန်ကို စစ်​ဆေး​ရေးရလဒ်​တွေ စာဖြင့်ပို့လိုက်သည်။

ဒီလိုခိုင်မာတဲ့ သက်​သေနဲ့ဆိုရင်တော့ အ​ခြေခံအားဖြင့် အမှုပိတ်နိုင်ပြီး စုံစမ်း​ရေးကလည်း ၄ ရက်သာရှိ​သေးသည်။

ဒီလို အချိန်တိုအကျိုးရှိ မျိုးက ​ခေါင်း​ဆောင်များနှင့် လူထုကိုလည်း တာ၀န်ခံရာကျ၏။

ရန်ရိ ထိုကိစ္စကို ပြီးပြတ်သွားပြီလို့ထင်ခဲ့​သော်လည်း ​နေ၀င်ရီတ​ရော အချိန်မှာ​တော့ ကုံးရင့်ရှန်ထံမှ ​နောက်ထပ်​ခေါ်ဆိုမှုတစ်ခုလက်ခံရသည်။

" မင်း စစ်​ဆေး​ရေး အစီရင်ခံစာ ရလိုက်လား? "

" ရတယ် ကျွန်​တော်ခင်များနဲ့ တစ်ခုအတည်ပြုချင်လို့ "

" ဘာလဲ? "

" ခင်များ ဥသြဆွဲသံကြားပြီး၊ အခင်း​နေရာကိုသွားတာ ၊ အ​ရေး​ပေါ်ထွက်​ပေါက်ဖွင့်တာ ၊ မီးငြိမ်းသတ်တာ ၊ အဲ့တာ​တွေရဲ့ အချိန်အတိအကျ "

" ငါ အစီရင်ခံစာ​ရေးလို့မပြီး​သေးဘူး ငါမင်းကိုအရင်ပို့​ပေးလို့ရတယ် အဲ့အထဲမှာအချက်အလက်​တွေမှတ်ထားတယ် ဘာဖြစ်လို့လဲ? "

" အမှူရဲ့အဖြစ်မှန်က ​ပြောင်းသွားနိုင်တယ် "

ရန်ရိ မတ်မတ်ထိုင်လိုက်သည်။

" ဘာ​ပြောင်းလဲတာလဲ? အမှုပိတ်ဖို့ ဖြစ်နိုင်​နေပြီမဟုတ်လား? "

" ခိုင့်၀မ်က ​ဆေးသုံးတာ​ရော ဆိုဖာ​ပေါ်က အရက်ပြန်မီးခွက်ကို​ရော ၀န်ခံတယ်၊ ဒါ​ပေမယ့် သူ(မ) ​ပြောတာက စား​သောက်ခန်းထဲမှာ အခြားသူလည်းရှိ​သေးတယ်တဲ့ ထူးဆန်းတဲ့သူ၊ သူ(မ) ​ခေါင်းရှုပ်​နေပြီး အခြားတစ်​ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကိုမမှတ်မိဘူး အဲ့လူက အရက်ပြန်မီးခွက်ကို တမင်သက်သက်ခွဲလိုက်တာလို့​ပြောတယ် သူ(မ) အစကမ​ပြောရဲခဲ့တာက သူ​ဆေးသုံးတာ​ကြောင့် ဖမ်းမှာ​ကြောက်လို့ပါတဲ့ "

Flame Armor [ 火焰戎装 ]Where stories live. Discover now