Chapter 30

2.3K 534 42
                                    

{ Unicode }

ဒါကိုကြားပြီးတော့ ကုံးရင့်ရှန် ရှက်ကာ ဒေါသလည်းထွက်သွားသည်။

" ခင်များ ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ! "

ရန်ရိ မျက်နှာကအပြုံးသည်ကား ပြေလျော့မသွားဘဲ :

" ငါက ငါတို့အလုပ်တွဲလုပ်နေတယ်ဆိုပြီး သာမန်ကာလျှံကာ ပြောလိုက်တာပါ၊ သေချာတာပေါ့ မင်းက ငါသူငယ်ချင်းလေ "

ကုံးရင့်ရှန်က တစ်ခါတစ်လေ ထိုးချင်စရာကောင်းတယ်လို့ သူခံစားရပေမယ့် တစ်ခါတစ်လေကျတော့လည်း ကလေးလိုပဲ ဖြူစင်ပြီး ထူးထူးဆန်းဆန်း ချစ်စရာကောင်းနေတတ်သည်။

" သူငယ်ချင်းဟုတ်ဟုတ် မဟုတ်ဟုတ် ဘယ်သူက ဂရုစိုက်နေလို့လဲ? "

ကုံးရင့်ရှန် သူ့ပါးတွေပူလာသလို ခံစားရပြီး

" ခင်များအရင်လာစတာ၊ ကျွန်တော်က အမြဲတမ်း ကိစ္စတွေကို အစကနေအဆုံးထိလုပ်တတ်တယ်၊ ကတိပေးထားတဲ့အတိုင်း လေ့ကျင့်ရအောင် ကျွန်တော့်နည်းလမ်းတွေ လိုက်နာရုံသက်သက်ပဲ "

" ကောင်းပြီ ကောင်းပြီ မင်းနည်းလမ်းအတိုင်းပဲပေါ့ "

ရန်ရိ သူ့ကို နှစ်သိမ့်လိုက်သည်။

" ငါ့အမှားပါ၊ နောက်တစ်ခါ မင်းကိုတစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရင် စကားအသုံးအနှုန်းတွေ သတိထားလိုက်ပါ့မယ် "

ကုံးရင့်ရှန် ရန်ရိကို စိတ်ဆိုးဆိုးနဲ့စိုက်ကြည့်ပြီး ပြတင်းပေါက်အပြင်ဘက်ဆီ မျက်နှာလှည့်သွားလေ၏။

ရန်ရိ ကုံးရင့်ရှန်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ နေ့လယ်ခင်းနေရောင်ခြည်က ကုံးရင့်ရှန်ရဲ့ ဆံပင်၊ အသားရည်နဲ့ နားရွက်ဖျားလေးတွေကို ထိုးဟပ်နေပြီး၊ ဆံဖျားလေးတွေကို အရောင်ဖျော့သွားစေလျက်၊ ဖြူစင်သောအသားအရည်ကို ကြွေရောင်ထစေကာ၊နားသီးလေးကို နီရဲလာစေသည်။ ရန်ရိ နှလုံးသားလည်း မတတ်သာဘဲ နှစ်ကြိမ်လောက် ကြမ်းကြမ်းတမ်းတမ်း တလှုပ်ခါသွားတော့ သူ အမြန်ခေါင်းငုံ့ကာ အသားတုံးကြီးကြီး စားလိုက်ပြီး အတောမသပ်နိုင်အောင် တွန့်ကွေးနေတဲ့ သူ့ပါးစပ်အစွန်းနှစ်ခုကို ပိတ်ပစ်လိုက်ရတော့သည်။

Flame Armor [ 火焰戎装 ]Where stories live. Discover now