Epilogue (3.3)

9.7K 695 87
                                    

Epilogue 3.3: တစ်နှစ်ပြီး တစ်နှစ်

မော့ရှန်းရဲ့ ဘဝက လက်ထပ်ပြီးနောက်ပိုင်းမှ ပို၍ပင် ကောင်းလာရသည်။ ရိမေ့က သူမရဲ့ ပြောင်းလွယ် ပြင်လွယ်သော အလုပ်ချိန် ကို အား အကျဆုံး ဖြစ်ရသည်မှာ အလုပ်ချိန်အတွင်းမှာလည်း မော့ရှန်း တခြားသို့ သွားလာနေနိုင်တာကြောင့်ပင်။ ယောကျ်ားဖြစ်သူနှင့် ထမင်းအတူစားနိုင်ရန် မကြာခဏ လွယ်လင့်တကူ ထွက်လာနိုင်တာမျိုး၊ ဒါမှမဟုတ် သူမ ခရီးဝေးမှ ပြန်လာသည့်အခါ ဟယ့်အမည်ရှိသော ယာဉ်မောင်းကြီးအား သူမကို လာကြိုဖို့ ဖုန်းဆက်ခေါ်တာမျိုး စသည်တို့ပင်၊ ရိမေ့ကတော့ သူမအား အားကျနေရခြင်းကို လက်လျှော့လိုက်ပါပြီ။ ဒီနေ့လည်း မော့ရှန်းကို အဖော်ခေါ်ကာ ဆေးခန်းပြဖို့ လာချိန်မှာ၊ ရိမေ့က အခွင့်အရေးကို လက်လွတ်မခံဘဲ ထပ်မေးလိုက်သေးသည်။

"နင်ကတော့ ပျော်လို့ရွှင်လို့ ကောင်းတုန်းပဲနော် .. လွတ်လပ်လိုက်တာ။ ငါကတော့ ကလေးမွေးပြီး၊ အိမ်မှာ နေ့တိုင်း ကလေးကို ပြုစုစောင့်ရှောက်ရတာနဲ့ ဈေးဝယ်ထွက်ဖို့တောင် အချိန်မရတော့မှာ တွေးကြောက်နေရပြီ။ အား.... ဒါတွေအကုန်လုံး အဲ့ဒီ ကျန်းရွှီရဲ့ အမှားပဲ၊ ငါ ပြောတယ်. ကလေး အဲ့လောက် စောစော မယူချင်သေးပါဘူး ဆိုတာကို.."

"အဲ့လောက်လည်း မစောတော့ပါဘူး။ ဒီအချိန်က မွေးဖွားဖို့ အသင့်တော်ဆုံး အရွယ်ပဲကို" မော့ရှန်းက ပြောလာသည်။

တကယ်တော့ ရိမေ့က အဲ့လောက်ကြီး ညည်းညူချင်နေတာမျိုးတော့ မဟုတ်၊ ထို့ကြောင့် မော့ရှန်း ပြောလာတော့ သူ့စိတ်ထဲ ကျေနပ်သွားသည်။ သူမက မော့ရှန်းအတွက်လည်း စိတ်ပူပေးလာ၏။

"ဒါဆို နင် နဲ့ ရိချန်းရော ဘယ်တော့လောက် ကလေးယူဖို့ စီစဉ်ထားလဲ"

"ငါက အမြဲတမ်း လိုချင်နေတာပါဟာ"

ရိမေ့ အခြေအနေကို နားလည်လိုက်ပြီမို့ ခဏလောက် စဉ်းစားကြည့်ပြီးတော့မှ ..

"မော့ရှန်း .. ဒါက အန်တီနဲ့ အန်ကယ်ကြောင့်များ ဖြစ်နိုင်မလား။ ဒါကြောင့်မို့ ရိချန်းစိတ်ထဲ ကလေးယူဖို့ နည်းနည်း ကြောင့်ကြနေတာလည်း ဖြစ်နိုင်တာပဲလေ။"

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now