Chapter (10.3)

5K 471 13
                                    

Chapter (10.3) မလွတ်မြောက်နိုင်ခြင်း

ဒီလောက်တည်ငြိမ်နေတာကိုပင် ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်အောင် ဖြစ်မိ၏။ မိမိရဲ့ အိမ်ထောင်ရေးဟောင်း ကိစ္စက အနှေးနဲ့ အမြန် ရင်ဆိုင်ရမှာပဲ ဆိုတာ သိထားသည်၊ သို့သော် အခုလို ရိချန်းရဲ့ မိတ်ဆွေ အပေါင်းအသင်းများရှေ့မှောက်မှာတော့ မဖြစ်သင့်။ ရိချန်းက ဒါကို ဒဏ်ခံနိုင်တယ် ဆိုရင်တောင်၊ မိမိရဲ့ အတိတ်ကြောင့်နဲ့ အတင်းအဖျင်း ပြောခံရတာမျိုး မဖြစ်စေချင်။ ရိချန်းသည်က အစဉ်အမြဲ ဂုဏ်သိက္ခာ အပြည့် ရှိနေသူ။

"လူမှားတယ် ဟုတ်လား၊ ဘယ်လို ဖြစ်နိုင်မှာလဲ .. ဟီးဟီး .. မစ္စက်ရင်း .. နောက်နေတာလားဗျာ" ဥက္ကဌလင် က အနည်းငယ် ရှက်သွားပုံရပြီး အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သော်လည်း ထွက်တော့ မသွားသေး။

ထိုသို့သော အခြေအနေအတွင်း ဟိုတယ်တံခါး ပွင့်လာသည်။

"ကြိုဆိုပါတယ်ရှင်" ယူနီဖောင်းဝတ်ထားသော ဟိုတယ်ဝန်ထမ်းလေးက အရိုအသေပေးကာ ပြောလိုက်သည်မို့ လူအားလုံး၏ အာရုံအား ဆွဲဆောင်သွား၏။

နောက်လိုက်နောက်ပါ စုံလင်စွာဖြင့် လူအုပ်စုကြီး နှင့်အတူ ဈေးကြီးသော လက်ဖြစ် ဝတ်စုံဖြင့် ခန့်ညားချောမောသော ယောကျ်ားတစ်ဦး ခမ်းနားစွာ လျှောက်လှမ်းလာသည်။ သူ့ ခြေလှမ်းများက မနှေးလွန်း၊ မမြန်လွန်း သူ့အမူအရာက တည်ကြည်လျက်။ နားနေဆောင်ရှိ ထိန်ငြီးနေသော မီးအလင်းရောင်တို့က သူ့အပေါ် ဖြာကျနေကာ၊ သူ့ရဲ့ ဂုဏ်ပုဒ် နှင့် အရေးပါမှုအား အထူးအလင်းပြပေးထားသလို ရှိနေသည်။

ဆုမင်းက ထိုအုပ်စုထဲတွင် စီတက္ကသိုလ်မှ အကြီးအကဲအချို့ ပါနေကြောင်း သတိပြုမိသွားသည်။ ထို့ကြောင့် ထိုလူအုပ်၏ အလယ်မှ လျှောက်လာသော အမျိုးသားအား မနေနိုင်ဘဲ ထပ်ကြည့်မိသည်၊ ထိုလူဟာ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ လုံးဝ ခြားနားနေရတာ ဘယ်ကြောင့်များလဲဟု တွေးကြည့်နေမိ၏။

ထိုအချိန်မှာပင် ဥက္ကဌလင် က ပျော်ရွှင်မြူးစွာ လှမ်းခေါ်ရင်း၊ လက်တို့ပါ စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းပြနေ၏။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now