Chapter (6.2)

5.1K 537 24
                                    

Chapter (6.2) ကွေကွင်းရခြင်း

မော့ရှန်းမှာ ဒီလောက် ကားအမြန်မောင်းတာမျိုး တစ်ခါမှ မစီးဖူးခဲ့။ ယာဉ်မောင်းသူရဲ့ မျက်နှာက တည်ငြိမ်နေသော်လည်း၊ ကား၏ အမြန်နှုန်းမှာ ကြောက်ခမန်းလိလိ။ နောက်ဆုံး ကားရပ်သွားချိန်မှာတော့ မော့ရှန်းရဲ့ မျက်နှာမှာ သွေးဆုတ်ဖြူရော်နေသလို၊ ခြေတွေ၊ လက်တွေမှာလည်း အားမရှိတော့။ သို့သော်လည်း ရိချန်းရဲ့ တည်ငြိမ်နေပုံမှာတော့ သာမန် ဟိုနားဒီနား လမ်းလျှောက်ထွက်လာသူလိုပင်။

"ငါ့ကို အကြောင်းပြချက်ပေး" ထိုစကားကို ပြောနေစဉ်မှာ သူ့မျက်နှာထား တည်တင်းနေ၏။

သူ့ရဲ့ မပြောင်းလဲသည့် ရုပ်သွင်အား ငေးစိုက်ကြည့်နေမိရင်း၊ ဗိုက်ထဲကလည်း နေလို့မကောင်းသည်မို့ သူ့စကားရဲ့ အဓိပါယ်ကို ကောင်းကောင်း မစဉ်းစားနိုင်လိုက်ပေ။

"ငါ့ကို ပြောစမ်းပါ ၊ မင်း ငါ့ကို ချစ်လား"

မော့ရှန်းမှာ ထိတ်လန့်ကာ စကားတို့ တစ်ဆို့နေ၏။

"ရိချန်း .. ကျမ..."

"ထားလိုက်တော့" သူက ရုတ်တရက် ခပ်ရင့်ရင့် စကားဖြတ်ပြောလာပြီး "ဘာမှ ထပ်မပြောနဲ့တော့"

သူ့မျက်နှာထက်မှ မှိုင်းညို့နေသည့် အမူအရာကိုသာ ဇဝေဇဝါ ကြည့်နေမိတော့သည်။

ခဏနေတော့ သူက .."သွားလိုက်တော့၊ ငါ မင်းကို မနက်ဖြန်ကျရင် အဖြေတစ်ခု ပေးမယ်"

-

ကားမူးသွားတာကြောင့် ဖြစ်မည် ထင်သည်၊ တစ်ညလုံးပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့သည်။ မနက်စောစောမှာတော့ ခေါင်းထဲ ရီဝေဝေ ဖြစ်နေဆဲမှာပင် ဖုန်းမြည်သံကြားလိုက်ရ၍ ချက်ချင်း ကောက်ကိုင်လိုက်သည်။

"ဟေး"

"ငါ မင်းအိမ်အောက်မှာ။ မှတ်ပုံတင် ယူပြီး ဆင်းလာခဲ့"

မော့ရှန်း ဘာမှ မမေးလိုက်ရခင် သူ ဖုန်းချသွားသည်။ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီးနောက် အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည်။ ရိချန်းရဲ့ ကားမှာ လမ်းဘေးတွင် ကပ်ရပ်ထား၏။ မော့ရှန်း ခဏလောက် တုံ့ဆိုင်းနေမိပြီးမှ နောက်တော့ ကားတံခါးဖွင့်ကာ အထဲဝင်ထိုင်လိုက်၏။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now