Epilogue (3.1)

4.5K 417 50
                                    

Epilogue (3.1) တစ်နှစ်ပြီး တစ်နှစ်

ရှေ့နေရုံးထဲမှ ချစ်သူ စုံတွဲတို့မှာ အခုနောက်ပိုင်းတွင် အမြင်ကွဲပြားမှုများ ရှိလာကြသည်။ အမြဲလိုလို သူများတွေ အလုပ်မှ လုပ်ရဲ့လားလို့ သံသယ ဝင်နေတတ်သူကြီး - ရှေ့နေယွမ် က သူကိုယ်တိုင်ကျတော့ ဘာမှ မလုပ်၊ သူ့ရဲ့ အလုပ်ထက် တခြားအကြောင်းတွေကိုသာ ပိုမို စိတ်ဝင်စားနေသည်။ သူက လတ်တလော နောက်ဆုံးရ သတင်းများ ရအောင် လိုက်ပြီး ရိချန်းထံသို့ အချိန်နှင့် တပြေးညီ ပြန်တင်ပြနေတတ်၏။

ရိချန်းက အတင်းအဖျင်း ပြောဖို့ ကောင်းသည့်သူ မဟုတ်၊ သို့သော် ရှန်းဟိန်ကလည်း အလုပ်ကိစ္စဖြင့် ခရီးထွက်နေလေတော့ မတတ်သာပဲ လောင်ယွမ် နားပူတာ ခံရလေတော့သည်။ လောင်ယွမ်က သူကြားထားသည့် သတင်းများကို အားတက်သရော ပြန်ပြောပြပြီးနောက် .. ရိချန်း ဘက် လှည့်လာသည်။

"ရှောင်ဝမ် သွားတော့မယ်လို့ မင်းထင်လား"

ရိချန်း ပြန်မဖြေတာ မြင်တော့ ၊ လောင်ယွမ်က ချက်ချင်းပင် အကြီးအကဲ တစ်ယောက်လို ဖြစ်သွားပြီး ၊ တကယ့် စိတ်ရင်း လှိုက်လှိုက်လှဲလှဲဖြင့် ပြောလာ၏။

"ရိချန်း.. တကယ်ဆို ရှောင်ဝမ်က မင်းလက်အောက်မှာ တစ်နှစ်ကျော်တောင် အလုပ်လုပ်လာတာလေကွာ၊ မင်းရဲ့ လက်အောက်ငယ်သားအတွက် မင်းက ပိုပြီး စိတ်ပူပေးသင့်တာ မဟုတ်ဘူးလားကွ"

"ဟုတ်ပါပြီ" ရိချန်းက ဝတ်ကျေတန်းကျေ လောက်သာ ပြောပြီး ..

"ကျတော့်ဇနီးက ကျတော့်ရဲ့ လက်အောက်ဝန်ထမ်း အမျိုးသမီး တစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာတွေ အထိ လိုက် စိတ်ပူပေးနေတာကို သဘောကျပုံ မရဘူးဗျ"

ရိချန်း တစ်ယောက် မိန်းမ ရ ကတည်းက ဘာပဲ ဖြစ်ဖြစ် သူ့မိန်းမကိုသာ လွတ်ရာလွတ်ကြောင်း တစ်ခု အဖြစ် အသုံးချနေတတ်သည်၊ ကျတော့်ဇနီးက အရက် အများကြီး မသောက်ဖို့ တားမြစ်ထားလို့ပါ၊ ကျတော့ဇနီးက အိမ်ပြန် နောက်မကျစေနဲ့လို့ မှာထားလို့ပါ .. စသည်ဖြင့်..

ရှေ့နေဟယ့်မှာ အိမ်ထောင်ကျပြီးနောက်ပိုင်း သူ့ဦးနှောက်တောင် သိပ်မသုံးတော့ပဲ သူ့မိန်းမကိုသာ ဆင်ခြေအဖြစ် တိုက်ရိုက် အသုံးချနေတော့သည်။ ပြောရလျှင် သူ လက်ထပ်ပြီး သုံးရက်မြောက်နေ့ ကတည်းက ဒီနည်းလမ်းကို စတင် အသုံးပြုလာခဲ့တာပင်။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now