Chapter (9.1)

5.6K 550 8
                                    

Chapter (9.1) Constant Temperature

နောက်တစ်နေ့ မနက်မှာ အိပ်ရာထ နောက်ကျရခြင်းက ပုံမှန် ဖြစ်စဉ်ပင်။

ထူးတာက .. သူမအား အိပ်ရာနှိုးသူက ရိချန်း ဖြစ်နေသောကြောင့်။ ဒီလူ ဘယ်အချိန် ကတည်းက နိုးနေလဲ မော့ရှန်း မသိသော်လည်း၊ သူ့ကို ကြည့်ရသည်မှာ လန်းလန်းဆန်းဆန်း ရှိနေပြီး၊ မိမိရဲ့ ဖုန်းကိုလည်း ကိုင်ထားသေးသည်။

"မင်း ဖုန်းလာနေတယ်"

"အွန်း"

မော့ရှန်း မျက်ဝန်းကို ခက်ခက်ခဲခဲ ဖွင့်ကာ ရိချန်း လက်ထဲမှ ဖုန်းကို လှမ်းယူရ၏။ သူ ဖုန်းကိုင်လိုက်သည်နှင့် အစ်မချန်း ၏ အသံက တိုင်ဖုန်း တိုက်ခတ်သည့်အလား အဟုန်ပြင်းပြင်း တိုးဝင်လာသည်။

"ကျောက်မော့ရှန်း .. အခု ဘယ်အချိန် ရှိနေပြီလဲဆိုတာ နင်သိရဲ့လား။ ငါတို့အားလုံး လေဆိပ်မှာ နင့်တစ်ယောက်တည်းကိုပဲ စောင့်နေတာ၊ မြန်မြန်လုပ်၊ နင် လိပ်လိုမျိုး နှေးရဲနှေးကြည့်၊ နင့်ကို ကျောအခွံပေါ်ကို တက်နင်းပစ်လိုက်မယ်၊ ငါ နင့်ကို တူနဲ့ ထုသတ်မယ်၊ နောက်ပြီးတော့မှ နင့်ရဲ့ အခွံကို တန်ဆာဆင်ဖို့ သုံးပစ်လိုက်မယ်..."

အစ်မချန်းရဲ့ ခြိမ်းခြောက်ပုံနည်းလမ်းတွေက သူမတူ...

အဲ့သည်တော့မှ မော့ရှန်းလည်း သေသေချာချာ နိုးသွားရတော့သည်။ ဖုန်းမှ နာရီကို ကြည့်မိချိန်မှာတော့ ခပ်မြန်မြန် ခုန်ထမိသွား၏။

အဝတ်မြန်မြန်လဲကာ ခရီဆောင်အိတ်ကို ပိတ်ရ၏။ ရိချန်းက သူမရဲ့ ဖရိုဖရဲ ဖြစ်နေမှုကြောင့် မျက်မှောင်ကုပ်နေရာမှ ၊ သူမအား ဆွဲခေါ်ကာ..

"မင်း နည်းနည်း ပိုပြီးများ စနစ်တကျလေး မလုပ်နိုင်ဘူးလား။ ဒီမှာ ကြယ်သီးတွေတောင် မှားတပ်ထားတယ်"

"အိုး"

မော့ရှန်း ငုံ့ကြည့်မိတော့၊ ရိချန်းရဲ့ သွယ်လျလျ လက်ချောင်းတွေက သူမရဲ့ ကုတ်အကျီ ကြယ်သီတို့ကို ပြန်ကူတပ်ပေးနေ၏။ အဆောတလျင်ဖြစ်မှု နေရာတွင် ရှက်ရွံ့မှု၊ အရှက်ရမှု တို့ နေရာပြန်ယူလာ၏။ မော့ရှန်းရဲ့ မျက်နှာက တဖြည်းဖြည်း နီရဲလာရပြီ။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now