Chapter (4.1)

5.3K 605 18
                                    

Chapter (4.1) ကံကြမ္မာ အလိုအတိုင်း

မော့ရှန်း သည်လည်း နားမလည်၊ ဘယ်အချက်က သူ့ကို ဒီလိုမျိုး တွေးထင်စေခဲ့တာလဲ ..

"ဒီနေ့အထိ .. ငါ့ စိတ်ထဲ ဝေခွဲမရ ဖြစ်နေတုန်းပဲ၊ ငါ အဲ့ဒီတုန်းက ပြောခဲ့တဲ့ စကားတွေက မင်း ငါ့ကို ထားခဲ့ပြီး အဲ့လောက် အဝေးကြီးကို ထွက်ပြေးရလောက်တဲ့အထိ ဖြစ်ခဲ့ရတဲ့ တကယ့် အကြောင်းရင်းရော ဟုတ်ရဲ့လားလို့"

ရိချန်းရဲ့ အသံက တိုးခြင်း၊ ကျယ်ခြင်းမရှိ၊ သို့သော် သူ့ရဲ့ စကားတစ်လုံးချင်းစီတိုင်းက မော့ရှန်းရဲ့ နှလုံးသားထဲ လေးပင်သွားစေသည်။

သူ ဘာလို့ ဒီလို ပြောရတာလဲ၊ သူ အဲ့ဒီတုန်းက တကယ်ကြီး ပြောခဲ့တာပဲလေ။

အဲ့ဒီနေ့တုန်းက ဖြစ်ရပ်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ရိမေ့ ပြောတာ နားထောင်ရပြီးနောက် မော့ရှန်း ချက်ချင်းပဲ သူ့ထံသွားကာ ထိုစကားကို အတည်ပြုခဲ့သည်။ ရိချန်းက မိမိကို ဘယ်တုန်းကမှ မလိမ်ညာခဲ့။ အကယ်၍ သူကသာ မဟုတ်ပါ ဟု ငြင်းဆိုလျှင်၊ ဒါဆို တကယ် မဟုတ်ဘူးပဲ။ သူ့စကားကိုသာ မုချ ယုံကြည်မည် ဖြစ်သည်။ သို့ပေမဲ့ သူသာ တကယ်ပဲ ရိမေ့ကို ကြိုက်နေခဲ့ပါလျှင်၊ ဒါဆို ဘာဆက်လုပ်ရမလဲ..

အဲ့ဒီကို သွားနေတဲ့ လမ်းတလျှောက် စိတ်ကူးထဲ တွေးပြီး ပုံဖော်နေမိသည်က အဆိုးဆုံး မြင်ကွင်းများသာ၊ ရိချန်းက မိမိအား .. သူ လည်းပဲ ရိမေ့ကို ချစ်နေပါသည်ဟု ပြောလာသည် ဟူ၍။ သို့သော် ကြိုတင် မှန်းဆထားခဲ့ခြင်း မဟုတ်သော သူ့ရဲ့ မုန်းတီးသည့် မျက်ဝန်းများဖြင့် စူးစိုက်ကြည့်ကာ ၊ ဓါးသွားအလား ထက်မြသော နာကျင်စေသော ထိုစကားလုံးများဖြင့် ပြောလာခဲ့ပါသည်။

"မင်း ထွက်သွားလိုက်တော့၊ ငါ မင်းကို မမြင်ချင်တော့ဘူး"

"ကျောက်မော့ရှန်း ငါမင်းကို ဘယ်တုန်းကမှ မသိခဲ့ရင် သိပ်ကောင်းမှာ"

ထိုကဲ့သို့ ပြတ်သားသော လေသံနှင့် ပုံစံ။ အခု ပြန်စဉ်းစားကြည့်ရင်တောင် နှလုံးသားထဲ ခါးသီးမှုတို့ ခံစားနေရဆဲ။ ယခုတော့ မိမိက သူ့ကို ကျောခိုင်းခဲ့ပါသည် ရယ်လို့ ပြောနေတာ မလွန်လွန်းဘူးလား။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Onde as histórias ganham vida. Descobre agora