Chapter (5)

5K 531 7
                                    

Chapter (5) အတိတ်သို့ တမ်းတခြင်း

နောက်ထပ် ရက်အနည်းငယ်လောက် မော့ရှန်း တောက်လျှောက် ဓါတ်ပုံရိုက်ဖို့ သွားလာရသည်မို့ ထောင်ရိကျန်း နဲ့ အင်တာဗျူးမည့် ကိစ္စ ဘာမှ ထပ်မကြားရတော့။ ဦးလေးပိုင်ကိုလည်း ဒီအလုပ် လဲလုပ်ကြဖို့ စကားပြောထားပြီးသားမို့ ဒါနဲ့ပတ်သတ်ပြီး သူ ဘာမှ လုပ်စရာ မလိုတော့ပြီ။

ထိုနေ့က ဓါတ်ပုံရိုက်ကူးမှုက အဆင်ပြေပြေ ချောချောမွေ့မွေ့ပဲ ပြီးစီးသွားခဲ့သည်။ ထို့ကြောင့် မော့ရှန်း ရုံးသို့ စောစော ပြန်ရောက်လာ၏။ သန့်စင်ခန်းထဲ လက်ဆေးနေတုန်း အားမေ့ နှင့် ကျန်သည့် အမျိုးသမီး ဝန်ထမ်းအချို့ အတင်း ပြောနေကြသည့်အထဲ ဆွဲခေါ်ခံလိုက်ရသည်။

"အားရှန်း .. နင့်ရဲ့ အထက်တန်းလွှာအမျိုးသားများ အင်တာဗျူး ကြီးက အဆင်မပြေတော့ဘူး ထင်တယ်"

"ဘာလို့လဲ"

"ထောင်ရိကျန်း က သူ့ရဲ့ နာမည်ကျော်ကြီးကို တွေ့ခွင့်တောင် မရဘဲ ချက်ချင်း အငြင်းခံလိုက်ရတယ်လေ။ အခုတော့ သူ့မှာ ရယ်စရာ အဖြစ်ခံနေရပြီ။ အစတုန်းက အရမ်းမောက်မောက်မာမာ ပြောထားတော့ အခု ပြန် အဟားခံနေရတာပေါ့။"

အားမေ့ ရဲ့ လေသံက သူများ အဆင်မပြေတာကို ပျော်နေသလိုမျိုး ..

"ဟုတ်တယ် .. အမ် .. ငါ ကြားထားတာတော့ သူ အဲ့ဒီ ရှေ့နေရုံးကို ဖုန်းဆက်တယ်၊ ဒါပေမဲ့ အဲ့လူရဲ့ လက်ထောက်ကပဲ ဖုန်းဖြေပြီး ရှေ့နေဟယ့် နေမကောင်း လို့ပါ ဆိုပြီး ဆင်ခြေပေးတယ်တဲ့။"

"နေမကောင်းဘူး ဟုတ်လား" အစကတော့ မော့ရှန်း အပြင်ထွက်တော့မလို့၊ သို့သော် ဒါကိုကြားတော့ ခြေလှမ်းတို့ ရပ်သွားရသည်။ "အဲ့ဒါ တကယ်ပဲလား"

"ဘယ်က ဟုတ်ရမှာလဲ။ မနေ့ကပဲ သူ့ကို တီဗီ အစီအစဉ်ထဲမှာ တွေ့လိုက်တယ်လေ"

ထိုကဲ့သို့သော အစီအစဉ်မျိုးက ကြိုတင်ရိုက်ကူးထားတာမျိုးမှန်း မော့ရှန်း သိနေသည်။ သည်တော့ ရိချန်း တကယ်ပဲ နေမကောင်း ဖြစ်နေတာများလား။

ရုံးခန်းထဲ ထိုင်နေချိန်ထိအောင် ထို့အတွက် စိတ်မအေးနိုင် ဖြစ်နေရသည်။ နောက်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဟားမိသည်။ ကျောက်မော့ရှန်းရေ .. အခုချိန် နင့်မှာ သူ့အတွက် စိတ်ပူပေးနေဖို့ ဘယ်လို အကြောင်းများ ရှိလို့လဲ။ မော့ရှန်း ကိုယ့်ဘာသာလည်း အဓိပါယ်မရှိဟု ထင်လာမိသည်။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now