Chapter (11.1)

4.9K 471 2
                                    

Chapter (11.1) ရင်းဟွေ့

ကယ်လီဖိုးနီးယားတွင် ပညာသင်နေစဉ်အတွင်း အခက်အခဲများပြားစွာ ရှိခဲ့သည်- မရင်းနှီးသည့် ပတ်ဝန်းကျင်၊ ကျောင်းစာများကလည်း တာဝန်ပိနေသည့်အပြင် သူ့မှာ အချိန်ပိုင်း အလုပ်ပါ လုပ်နေရသည်ကြောင့် ဖြစ်၏။ ရင်းဟွေ့ ကိုယ်အလေးချိန်ပင် ထိုးကျသွားရသည်၊ သို့သော်လည်း တချိန်တည်းမှာပင် အဖိုးထိုက်တန်သော အတွေ့အကြုံပေါင်းများစွာ ရလိုက်၏။ သူက အရှိန်အဟုန်ပြင်းစွာ တိုးတက်လာနေသည့် အင်တာနက်အပေါ် စတင် စိတ်ဝင်စားလာခဲ့သည်။

ရင်းဟွေ့ရဲ့ ခိုင်မာသော သင်္ချာအခြေခံတို့ကြောင့် ကွန်ပြူတာနည်းပညာအကြောင်း လေ့လာရာတွင် ပို၍ အထောက်အကူ ဖြစ်စေခဲ့သည်။ အခြားသူများလို Web Portals များ တည်ဆောက်ရာမှာ စိတ်ဝင်စားခြင်း မရှိဘဲ၊ ရင်းဟွေ့က သတင်းအချက်အလက် ရှာဖွေမှု ပိုင်းတွင် စိတ်ဝင်စားခဲ့သည်။ တစ်နှစ်ခွဲခန့် ကြာပြီးနောက်မှာတော့ ပါရမီရှင်ဆိုသည့် နာမည်နှင့် ထိုက်တန်စွာ နည်းစနစ် အယ်လ်ဂိုရစ်သမ် တစ်ခုအား တစ်ဦးတည်း ဖန်တီးနိုင်ခဲ့သည်။ သို့သော် ထိုဟာက ပြစ်ချက် မရှိသည်တော့ မဟုတ်၊ အခြားအယ်လ်ဂိုရစ်သမ်များနည်းတူ စီစဉ်တကျ ဆက်ဖြစ်ဖို့ လိုနေသေးသည်။ ထို့ကြောင့် ကနဦးပိုင်းတွင် ငွေကြေးရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူ တစ်ဦးမျှ မရှိ၊ နာမည်ကျော် အင်တာနက် ကုမဏီတစ်ခုကသာ အင်မတန် နည်းပါးလှသော ဈေးနှုန်းဖြင့် ဝယ်ယူဖို့ စိတ်ဝင်စားခဲ့သည်။ ရင်းဟွေ့က သူဖန်တီးထားသည့် အရာသည် ဒေါ်လာ သောင်းနှင့်ချီ တန်မှန်း နားလည်ထားသည် ဆိုသော်လည်း၊ သူ့မှာ ထို့ထက်ပိုကောင်းသည့် ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေဖို့ အချိန်မရှိ။ စိတ်ဓါတ်ကျမှု၊ စိတ်ဖိစီးမှုတို့ဖြင့် သူ အလွန်အမင်း မကျန်းမမာ ဖြစ်လာရသည်။ သူ့ ကျန်းမာရေး ပြန်လည် နာလန်ထူလာချိန်တွင် သူ့ရဲ့ စုဆောင်းထားသမျှတို့က ကုန်သလောက် ဖြစ်သွားလေပြီ။

ရင်းဟွေ့ ကြံရာမရဖြစ်ကာ .. သူ့တွင် နောက်ဆုံးကျန်ရှိနေသော ငွေလေးအား တရုတ်သတင်းစာ တစ်စောင်ထဲတွင် သူ့အခြေအနေအကြောင်း ရှင်းပြကာ၊ သူ့နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ရှာနေကြောင်း ကြော်ငြာတစ်ခု ထည့်လိုက်၏။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now