Epilogue (1.2) ရိေမ့

3.4K 368 4
                                    

Epilogue (1.2) ရိမေ့ (လူတစ်ယောက်ရဲ့ အချစ်ပန်းလေး ပွင့်ဖူးခြင်း)

ကျောက်မော့ရှန်း .. မင်း ဘာလို့ ငါ့နောက်ပဲ လိုက်နေရတာလဲ။

ရိချန်း ရှင်ပဲ တုံးအလွန်းတာလား၊ ဒါမှမဟုတ် ကျမပဲ နုံလွန်းတာလား။ ကျမ ရှင့်နောက် လိုက်ပိုးနေတာ ဒီလောက် ကြာပြီ၊ ဒါကို ရှင်က ကျမ ဘာလုပ်နေမှန်း အခုထိ မသိသေးဘူးပေါ့။

ငါ တက္ကသိုလ်မှာ ချစ်သူ ရှာဖို့ မရည်ရွယ်ထားဘူး။

ဒါဆိုလည်း ကျမ အခုကစပြီး တန်းစီထားမယ်၊ ရှင် တက္ကသိုလ်က ဘွဲ့ရတဲ့အထိ စောင့်နေမယ်လေ။ ဒါဆို ကျမကို ဦးစားပေး ရွေးချယ်မှာပဲ ဟုတ်တယ်မလား..

ရိချန်း ၊ ကျမက ရှင့်ချစ်သူပါဆိုတဲ့ အဲ့ဒီ ကောလဟလကို ဖြန့်တဲ့သူ ကျမ မဟုတ်ဘူးနော်၊ ရှင် ကျမကို ယုံမှ ဖြစ်မယ်။

ငါ သိပါတယ်။

ရှင် ဘယ်လို သိတာလဲ။

ဘာလို့လည်း ဆိုတော့ အဲ့သတင်း ဖြန့်တဲ့သူက ငါပဲလေ။ ငါ စဉ်းစားကြည့်လိုက်တယ်။ တကယ်လို့ နောင် သုံးနှစ်ကြာပြီးရင် မင်းက ငါ့ရဲ့ ချစ်သူ ဖြစ်လာဖို့ ကံပါလာတယ်ဆိုရင် ငါ့အနေနဲ့ ငါ့ရဲ့ ရပိုင်ခွင့်ကို စောစောယူရမှာပေါ့။

လေးမိနစ် နှင့် နှစ်ဆယ့်ငါး စက္ကန့်၊ နှေးလိုက်တာ။ ကျောက်မော့ရှန်း မင်းပြေးတာ တော်တော် နှေးတာပဲ။ ဒါနဲ့များ ဘယ်လိုလုပ်ပြီး ငါ့ကို အမိဖမ်းခဲ့တာလဲ မသိဘူး။

ရိချန်း တကယ့်ပြိုင်ပွဲနေ့ကျရင် ရှင်က ကျမရှေ့က ပြေးလေ၊ ကျမ ရှင့်နောက်က လိုက်ဖမ်းမယ်၊ ဒါဆိုရင်တော့ ကျမရဲ့ ပြေးနှုန်းက သေချာပေါက် ပိုမြန်မှာပဲ။

ကျောက်မော့ရှန်း .. မင်း ရှက်ရော ရှက်တတ်ရဲ့လား။

ကျောက်မော့ရှန်း မင်းရေးတာ မှားနေပြီ။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒီမှာလေ . "ဟယ့်ရိချန်း" ဘယ်မှာ မှားလို့လဲ။

ဆွဲတဲ့ စုတ်ချက် မှားနေတာ။ ဒီလို ဖြစ်ရမှာလေ၊ ပြန်ရေးကြည့်..

အိုခေ..

ဟယ့်ရိချန်း .. ဒါနဲ့ ဘာလို့ ကျမက ရှင့်နာမည်ကို ရေးနေရတာလဲ။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now