Epilogue (1.1) ရိမေ့

4.9K 381 2
                                    

Epilogue (1.1) ရိမေ့ – (လူတစ်ယောက်ရဲ့ အချစ်ပန်းလေး ပွင့်ဖူးခြင်း)

ကျမ အသက် ၉ နှစ် အရွယ်တွင် ကျမ တို့ ဘေးအိမ်မှာ နေတဲ့ ကိုကို ရိချန်း က ကျမရဲ့ အစ်ကို တစ်ယောက် ဖြစ်လာခဲ့သည်။

ကျမ အရမ်း ပျော်ရွှင်ပြီး မေမေ့လက်မောင်းကို မှီတွဲကာ မေးမိ၏။

"မေမေ .. ကိုကိုရိချန်းက သမီးတို့အိမ်မှာပဲ နေသွားတော့မှာလားဟင်၊ နောင်မှာလည်း မပြန်သွားတော့ဘူးပေါ့နော်"

မေမေက ကျမအား ဖက်ကာ .. "ဒါပေါ့ .. ရိမေ့လေးက သဘောမကျလို့လား"

"သမီး သဘောကျတယ်" ကျမ ခေါင်းကို ခပ်သွက်သွက် ညိတ်ကာ ကျမ ပျော်ရွှင်နေကြာင်း ပြရ၏၊ သို့သော် မေမေ့ရဲ့ မျက်နှာ ဘာလို့ အဲ့လောက် ဝမ်းနည်းပုံ ပေါက်နေရသလဲတော့ ကျမ နားမလည်ခဲ့ပါ။

ရိချန်းလို လူမျိုး အစ်ကို တစ်ယောက် ရခြင်းက အင်မတန် ဂုဏ်ယူစရာ ကောင်းသော ကိစ္စဖြစ်သည်၊ အတန်းဖော်များက အားကျ ကြသလို၊ တခါတရံ ဆရာများကလည်း အရေးတယူ ဂရုစိုက်ပေးလာသည်။ ကျမ အထက်တန်း ပထမနှစ် တက်သောအခါ ၊ ဆရာက အတန်းတက်သူစာရင်းစာအုပ် ကို ကြည့်ရင်းမှ ကျမအား မေးလာခဲ့သည်။

"သမီး ဟယ့်ရိချန်းကို သိသလား"

ကျမ ခေါင်းညိတ်ကာ .. "သူက ကျမရဲ့ အစ်ကိုပါ"

"သြော် .. ဆရာ သူ့ကို သူ အထက်တန်း ပထမနှစ် တက်ကတည်းက သင်ပေးခဲ့တာ။ သမီးတို့ မောင်နှမနဲ့ ဆရာ ရေစက်ပါတာ ဖြစ်မယ်" ဆရာက ရယ်ရင်း ..

"ကျောင်းရဲ့ စာသင်နှစ် စပြီ ဆိုတော့ သမီးက အတန်းခေါင်းဆောင် လုပ်ပါ။ အစ်ကိုတုန်းကလည်း အရမ်း အရည်အချင်း ရှိခဲ့တာ ဆိုတော့၊ ညီမလည်း ဆိုးမှာ မဟုတ်လောက်ပါဘူးနော်"

တဖြည်းဖြည်းနှင့် ကျောင်းသားများ ကြားထဲ ကျမကို "ဟယ့်ရိချန်း" ရဲ့ ညီမ အဖြစ် သိလာကြသည်။ ကျောင်းသူလေးများကလည်း ကျမအား တိုက်ရိုက်ရော၊ သွယ်ဝိုက်သောအားဖြင့်ရော ချဉ်းကပ်လာကြသည်။

"ဟယ့်ရိမေ့ ၊ နင့်အစ်ကိုက နင့်ရှေ့မှာ ကောင်မလေးတွေအကြောင်း မပြောဖူးဘူးလား"

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now