Chapter (12.3)

5.5K 477 12
                                    

Chapter 12.3 . As it turns out

ထိုရှေးရိုးစကားက အဓိပ္ပါယ်ရှိကြောင်း၊ ရိချန်းရဲ့ အသိစိတ်ကလည်း မှန်ကြောင်း သက်သေပြနေပါသည်။

ဟုတ်ပါသည် .. အသက် ၂၇ နှစ် အရွယ် ကျောက်မော့ရှန်းက ဆယ်ကျော်သက်အရွယ် တုန်းကထက်တော့ ပိုပြီး ဆင်ခြင်ဉာဏ် ရှိလာသည် ဆိုသော်ငြား ရိချန်း ရင်းနှီးခဲ့ပြီးသား ဖြစ်သည့် အမူအကျင့်ဟောင်းလေးများမှာမူ အချိန်နှင့်အမျှ၊ အသက်နှင့်အမျှ လိုက်မပြောင်းသွားပေ။ ဥပမာအားဖြင့် သူနှင့် စကားပြိုင်ငြင်းလို့ မနိုင်လျှင် အကျင့်ပုတ်တတ်တာမျိုး၊ သူ့အနား ပိုပိုပြီး ကပ်တွယ်နေတတ်တာမျိုး၊ သူမ မစားချင်လျှင် သူ့ကို ပေးတတ်တာမျိုး၊ ၊ စသည်များ..

ဒါတွေနဲ့ ရှေ့နေကြီးဟယ့် ပျော်ရွှင်ကျေနပ်နေသည် ဆိုတာကိုတော့ တိတ်တိတ်လေး ဝန်ခံရပေမည်။ ဒါ့အပြင် ဒီလို အမူအကျင့်လေးတွေ ပြန်ရလာဖို့ကလည်း လွယ်ကူခဲ့သည်မဟုတ်။

သူတို့ရဲ့ မင်္ဂလာပွဲကို နောက် တစ်လခွဲခန့် အကြာမှာ ကျင်းပတော့မည်။ ရိချန်းက မင်္ဂလာပွဲပြီးရင် အချိန်အား နည်းနည်းလောက် ယူဖို့ ရည်ရွယ်ထားသည်မို့ ဒီရက်ထဲ သူ့ရဲ့ ကိုင်လက်စ အမှုအားလုံး လတ်စသတ်ဖို့ အလုပ်များနေရတော့သည်။ ထိုအမှုများကို တခြားသူများအား လွှဲပေးခဲ့မည် ဖြစ်ပြီး၊ သူ ဒါတွေလည်း လုပ်ပြီးသလောက် ရှိပြီ။ အစောပိုင်းကတည်းက "Legal Time" တီဗီ ရှိုးမှာ ဧည့်သည်တော်အဖြစ် ပါဝင်နေသည်ကိုလည်း ရပ်စဲလိုက်ပြီ။ မင်္ဂလာပွဲ အတွက်မူ ဖိတ်ကြားမည့်လူ စာရင်း ပြင်ဆင်ခြင်း၊ စားသောက်ဆိုင် နေရာမှာခြင်း အစရှိသည့်... အဓိက လုပ်စရာများကို ရိချန်း တစ်ယောက်တည်းကသာ အစစ အရာရာ စီစဉ်သွား၏။ အပြန်အလှန်အားဖြင့် မော့ရှန်းအတွက်ကတော့ အင်မတန် လွယ်ကူသော အရာလေးများသာ ကျန်တော့သည်။

တကယ်က ဒါတွေအားလုံးကို မင်္ဂလာပွဲ စီစဉ်သူထံ အပ်လိုက်လို့ ရသည်၊ သို့သော်လည်း ရိချန်းက ကိုယ်တိုင်ကိုယ်ကျ လုပ်ချင်နေသည် ဟူ၏။

တကယ်တမ်း မော့ရှန်းကို ခေါင်းခဲစေသည့် အရာတစ်ခုကတော့ အခုချိန်ထိ သတို့သမီးအရံ ရှာမတွေ့သေးခြင်း ဖြစ်သည်။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now